extra 1

2.1K 115 1
                                    

boss extra 1
ရှောင်းကျန့်မိဘတွေရဲ့ခွင့်ပြုချက်ရတော့ ရိပေါ်အိမ်မှာပဲ လိုက်နေဖြစ်သည်။
ရိပေါ်ရဲ့အဖိုးနဲ့မားကလည်း သဘောတူကြည်ဖြူစွာခွင့်ပြုပေးကြလေသည်။
အရင်ထဲကကြိုးစားလာခဲ့တာ ရှောင်းကျန့်အတွက် အရာထင်ခဲ့လေပြီလေ။
အခုဆို ရိပေါ်ကလည်းအရင်လို company မှာ.ပဲ ceoပေါက်ကလေးကအလုပ်တွေကြိုးစားပမ်းစားလုပ်နေလေသည်။
သူကလည်းပါရမီဖြည့်ဘက်လည်းဖြစ်၊ အတွင်းရေးမှူးလည်းဖြစ်နေတော့ company မှာ.ပဲ တနည်းဆိုရသော် ရိပေါ်ဘေးနားလေးမှာပဲအလုပ်လုပ်နေသည်။
ပုံမှန်မဟုတ်တာကတော့ ရိပေါ်က ဝန်ထမ်းတွေအားလုံးကိုခေါ်ကာ ဒါသူလက်ထက်မယ့် သူ့ကောင်လေး လို့ထုတ်ကြွားတော့ ရှောင်းကျန့်ခဗျာ ရှက်လိုက်တာ အဲ့နေ့က ဆိုရိပေါ်ကို စိတ်အတော်ဆိုသည်။ ဒါပေမယ့် ကြာကြာတောင်စိတ်မဆိုးရဘူး သူ့အနမ်းတွေအောက်ပဲ စိတ်ပြန်ပြေသွားရတာ ဆိုးနေတဲ့စိတ်ကလေးတောင်ဘယ်ရောက်သွားမှန်းမသိပေ။

ရိပေါ်က တကယ်အလိုက်သိတဲ့ကောင်လေး၊ သူ့အိမ်မှာခေါ်ထားပေမယ့် စည်းစောင့်တယ်။ လက်ထက်တဲ့အထိ စည်းမကျော်ဘူး၊ ရှောင်းကျန့်ကိုလည်း နမ်းတာ ဖတ်တာလောက်ပဲ။
ကျန်တာစည်းမကျော်ဘူး ။ ရှောင်းကျန့်ရဲ့လူပျိုဘဝကို သူနဲ့လက်ထက်တော့မှ ကုန်ဆုံးစေချင်ပါတယ်တဲ့လေ။

တကယ်ဆို ရှောင်းကျန့်က ရိပေါ်ကို အလုပ်ကလွဲ ပြီးဘာမှစိတ်ဝင်စားတဲ့သူမဟုတ်ဘူးလို့ထင်ထားတာ။
ထင်တဲ့အတိုင်းပဲ အလုပ်ကလွဲပြီးကျန်တာဘာမှစိတ်မဝင်စားပါဘူး ရှောင်းကျန့်ကလွဲလို့ပေါ့။
ရှောင်းကျန့်ကိုဆို အရမ်းချစ်တယ် ၊ ဂရုစိုက်တယ် ၊နွေးထွေးတယ်၊ ကြင်နာတယ်။

----------
"ရှောင်းကျန့် ထတော့လေကွာ"
"အွမ်း ဘယ်ချိန်ရှိပြီလည်း..?"
"company သွားရတော့မယ် မလိုက်ဘူးလား"
"အမ်..နဲနဲ...ပိစိလောက်လေး အိပ်ချင်သေးတယ် "
ခေါင်းအုံးနဲ့ မျက်နာနဲ့ကပ်နေပြီး မှောက်အိပ်နေတဲ့ကြားထဲက ဗိုက်အောက်ကလက်ကလေးကိုထုတ်ကာ လက်မနဲ့လက်ညိုးကွေးကာ a little လို့လုက်နေတဲ့ပုံစံကချစ်စရာ
"ok လေ မထရင်နေပေါ့ ငါက ပါးဆီသွားမလို့"
ရိပေါ် မျက်ခုံးကိုအပေါ်တင့်ပြောမှ
"ပါး..ဆီ"?
အဲ့သလိုမွ အိပ်ယာပေါ် ငုတ်တုပ်လေးထ ထိုင်တဲ့ကလေးလေးက ဆံပင်စုပ်ဖွား ချိုင်းပြတ် အိကျီလေးနဲ့ ချစ်စဖွယ်အတိ...
"အင်း..ပါး.ဆီ..မင်လိုက်ချင်တယ်ဆို လိုက်ပို့ပေးမလို့လေ"
"လူယုတ်မာ!! နိုးလိုက်ပါ့လား စောစောစီးစီး အဲ့သလိုပြောပြီး"
"ငါကမင်း boss နော် ရှောင်းကျန့် လေးလေးစားစားပြော"
"အပိုလုပ်မနေနဲ့ နောက်ကြရင် မင်းကငါ့လင်ဖြစ်မှာ"
"အဟမ်း.အဟမ်း.အဲ့.အဲ့.အဲ့သလိုလား"
အော် ပြောတဲ့သူကမရှက်ရဘူး သူကရှက်နေလိုက်တာများ နားရွက်တွေကိုနီလို့။ ရှောင်းကျန့်ကိုကြည့်တော့လည်း ပြောပြီးမှ ပါးစပ်ကလေးကို လက်ကလေးနဲ့အုပ်ကာ နားရွက်ကလေးတွေလည်းနီလို့ သူလည်းရှေ့တိုးပြောမည်အလုပ် ပြေးတာရေချိုးခန်းထဲကိုတန်းနေတာပဲ။
ရိပေါ်လည်း ခေါင်းလေးတခါခါနဲ့ ပြုံးပြုံးကြီး ကြည်နူးပြီး ကျန်ခဲ့ပါလေရော။

Boss! (complete) Where stories live. Discover now