16

2.5K 163 0
                                    

ကျွီ....
ညနေ ၃နာရီခွဲလောက်ကတည်းက မနားပဲမောင်းလာခဲ့တာ
ည ၂နာရီလောက်ရောက်တော့ ဆေးရုံသို့ရောက်လာလေသည်။
ရိပေါ်မှာဆေးရုံသာရောက်လာရတာ လူနာ့နာမယ်မေးပြီး အခန်းရှာရအောင်လည်း ရှောင်းကျန့်တစ်ယောက်ပဲသိတာမလို့ ယန်ချင်းအား ညကြီး ph ခေါ်ကာရှောင်းကျန့်အဖေနာမယ်ကိုမေးတော့မှ ဦးရှောင်းကုမှန်းသိကာ ဦးရှောင်းကုနာမယ်နဲ့ လူနာအခန်းရှာတွေ့တော့သည်။
အခန်းထဲဝင်ကြည့်တော့လည်းလူနာကုတင်ပေါ်မှာ အိပ်နေတဲ့ လူနာနဲ့ တာဝန်ကျ nurse တစ်ယောက်ပဲတွေ့သည်။
nurse ကိုမေးကြည့်တော့ သူ့ကိုလူနာအတွက်ငှါးခဲ့ကာ မိသားစုဝင်တွေက အိမ်ပြန်သွားကြောင်းသိရလို့ ဒီညတော့ သူရှောင်းကျန့်ကိုတွေ့လို့မရတော့ချေ။
သူလည်းရှောင်းကျန့်ကို မတွေ့ရတော့ ဒီညတော့ဒိီမှာပဲနေပြီး မနက်ရှောင်းကျန့်လာနဲ့အထိစောင့်နေတော့မည်။ အချိန်ကိုကြည့်တော့ မနက်၃နာရီနားကပ်နေတာမလို့ hotel မရှာတော့ပဲ nurse ကိုခွင့်တောင်းပြီး လွတ်နေတဲ့ လူနာကုတင်ဘေးက ဆိုဖာမှာနားဖို့ခွင့်တောင်းတော့ nurseကလည်း ခွင့်ပြုတော့ သူလည်းပင်ပန်းလို့ ခြေဆန့်လန့်ဆန့်လုပ်ကာနားတော့လေသည်။
nurse ကလည်း သူ့ duty ချိန်ပြည့်လို့ထွက်သွားတော့ ရိပေါ်တို့အေးဆေးပဲ နားလိုက်တော့သည်။

ရှောင်းကျန့် လောလော လောလောနဲ့ ph လာလို့ boss ကိုတောင်မပြောနိုင်တော့ပဲ အိမ်ကိုအပြေးပြန်လာခဲ့ရသည်။ တော်သေးတယ် ယန်ချင်းက ကူညီပေးလို့ အိမ်ကို အဆင်ပြေပြေပြန်ရောက်သွားသည်။ အိမ်လို့ပြောပေမယ့် ရှောင်းကျန့်ဆေးရုံကိုသာတန်းလာလိုက်တာပါ။
ပါး ကိုအကုန်လုပ်ပြီးတော့မှပဲ စိတ်ဒုံး ဒုံးချနိုင်တော့သည်။ သူသာပါးကိုတောင်းပန်ပြီး ချော့နေပေမယ့် သူ့ပါးကတော့ သူ့ကိုအကောင်းမမြင်သေးပဲ စိတ်ဆိုးနေတုန်းပါပဲ။
သူလည်း စိတ်ပျက်လျက်ပျက်နဲ့ အကုန်ပြီးတော့ညနေတောင်စောင်းနေပြီ။ အစကဆေးရုံသူစောင့်ပေးမလို့ပါပဲ မားကလည်း ပင်ပန်းနေတော့ သူနဲ့မားနဲ့ညရောက်တော့အိမ်ပြန်လာပြီး ph အားသွင်းပြီးသာ နားလိုက်တော့သည်။
ph ကလည်း အားကုန်ပြီး စက်တောင်ပိတ်သွားတာတောင်မသိလိုက်ပေ၊။

Boss! (complete) Wo Geschichten leben. Entdecke jetzt