15

2.5K 179 0
                                    





ကျွီ...

"ရိပေါ်......မလား?"
ဖွင့်လာတဲ့အခန်းက ရှောင်းကျန့်အခန်းမဟုတ်ပဲ မျက်နာချင်းဆိုင်အခန်းက...
လူကေတာ့ သူနဲ့ရွယ်တူလောက်ပဲ.ပုံစံကလည်း အိပ်ချင်မူးတူးပုံစံနဲ့...
နေပါ အုံး ဒီလူဟိုနေ့က ရှောင်းကျန့်နဲ့ စားသောက်ဆိုင်မှာ တွေ့ခဲ့တဲ့သူမလား?
"ဟုတ်. ဟုတ်တယ်... "
"ရှောင်းကျန့်မရှိဘူး..လာ.အကို့အခန်းထဲလာထိုင်အုံး...ပြောပြမယ် ဘယ်သွားလည်းဆိုတာကို"
...

ရိပေါ် ဒီအချိန်ဘယ်သူဘယ်ဝါမခွဲပဲအခန်းထဲသာဝင်သွားလိုက်တော့သည်၊ ဒီအချိန်မှာ သူရှောင်းကျန့်ဘယ်မှာလည်း.ဘာလုပ်နေလည်း.ဘာဖြစ်နေလည်း.ဆိုတာပဲသိချင်သည်။.
ရှောင်းကျန့်မရှိတဲ့တစ်ရက်မှာ ရိပေါ်အတော်လေးနားလည်လိုက်တာက၊.
အလုပ်မှာ ရှောင်းကျန့်မရှိလို့မဖြစ်ဘူး၊ရှောင်းကျန့်မရှိရင် ဖရိုဖရဲနဲ့
ပြီးတော့
သူ့နှလုံးသားလေးအတွက်လည်း ရှောင်းကျန့်မရှိလို့မဖြစ်ဘူး.၊ရှောင်းကျန့်မရှိရင် တဆစ်ဆစ်နဲ့ နာကျင်နေရပြီဆိုတာ ရိပေါ် တစ်ရက်ထဲနဲ့ နားလည်လိုက်လေပြီ။

"ရေ... ရှောင်းကျန့် က မနေ့ည ကပဲ သူ့နယ်ကိုပြန်သွားတယ် မင်းကိုပြောမသွားဘူးလား"?
"ဟင့်အင်း မပြောသွားဘူး.ဘာလို့ပြန်သွားတာလည်း"
"အော်...သူ့ ပါး.အသည်းအသန်ဖြစ်လို့ph ဝင်လာတာ ညကြီးကို အဲ့တာကြောင့်အကို့ကိုအကူအညီတောင်းပြီး လိုက်ပို့ခိုင်းလို့ အကိုလည်း ခုနမှပြန်ရောက်ပြီး အိပ်နေတာသာကြည့်တော့။"
"သူ့ ပါး..."
"အင်း... သူအိမ်ကထွက်လာတာကြာပြီ နှစ်ချီနေပြီ ခုထိအိမ်မပြန်ရသေးဘူး မနေ့က ph ဝင်လာတော့ချက်ချင်းပဲ ပြန်သွားတာ အဲ့ကြောင့်မင်းကိုပြောမသွားတာထင်တယ်..."
"သူက ဘာလို့အိမ်ကထွက်လာတာလည်း ခင်ဗျားသိလား?"...
"အိုးဟို...သိတာပေါ့...ဒါမဲ့ ပြောပြရ..မရဆိုတာကေတာ့..."
"ပြောပြလို့ရပါတယ် ကျွန်တော် က တခြားသူမဟုတ်ဘူးလေ"...
"အင်း. မင်းမလို့ကို သေချာစဉ်းစား နေတာပဲ..."
"ပြောပြပါ... ကျွန်တော် ပြန်မပြောပါဘူး ဘယ်သူ့ကိုမှ"
."အင်းပါ အင်းပါ ...ဟုတ်ပါပြီ... ငါနဲ့ရှောင်းကျန့်နဲ့က တက္ကသိုလ် တုန်းကစသိတာ.အဆောင်အတူနေကြတဲ့သူငယ်ချင်းတွေပေါ့.ငါကဒုတိယနှစ် သူကပထမနှစ်. တစ်နှစ်ကြီး တစ်နှစ်ငယ်တွေဆိုပေမယ့်ညီအကိုအရင်းလိုပေါင်းကြတာ.သူတစ်ခါတစ်ခါ ဆိုရင်ပြောပြတယ် သူ့ရင်ကကြောင်းတွေ...
သူ ၈တန်းလောက် က ကျောင်းပြောင်းချင်တယ်ဆိုလ်ုသူ့မိဘတွေက အလိုလိုက်ပြီး ကျောင်းပြောင်းပေးခဲ့တယ်တဲ့ ရှောင်းကျန့် ကျောင်းမှာကောင်လေးတစ်ယောက်ကိုကြိုက်နေတာ ကို မိဘတွေကရိပ်မိသွားတော့ သူ့ကိုပြောခဲ့တယ်တဲ့ ရှောင်းကျန့်ကခေါင်းမာတယ် သူ့မားကဘာမှမပြောခဲ့ပေမယ့် ပါး ကအတော်လေး စိတ်ဆိုးတယ်၊ ရှောင်းကျန့်ကိုကျောင်းကထွက်ပြီး သူ့အရပ်ကိုပြန်ခေါ်တယ်။ ဒါမဲ့ရှောင်းကျန့်ကပြန်မလိုက်ခဲ့ဘူး၊ အဲ့ကြောင့် သူ့ပါးက သူ့ကို မခေါ်မပြောတော့ပဲ နေလာခဲ့တာ၊ ကျောင်းကိုလည်းဘယ်မှာတက်တက်ပစ်ထားခဲ့ပြီးတော့ သူတို့ကသူတို့ဒေသကိုပြန်သွားတယ်၊ ရှောင်းကျန့် ပင်ပန်းခဲ့တယ် တက္ကသိုလ်ဝင်တန်း မှာတုန်းကတော့ သူ့မားရဲ့ထောက်ပံ့ပေးမှုကိုလက်ခံခဲ့ပေမယ့် တက္ကသိုလ် ပထမနှစ် စတက်တဲ့အချိန်မှာတော့ သူ့မားရဲ့ထောက်ပံ့တာကိုလက်မခံတော့ပဲ သူ့ဒူးသူချွန်ပြီး ကျောင်းဆက်တက်ခဲ့တယ်၊ ဒါကလည်းသူသဘောကြနေတဲ့ကောင်လေးနဲ့နီးစပ်အောင်တဲ့လေ၊ မကြာပါဘူး ရှောင်းကျန့်ဒုတိယနှစ်ရောက်တော့ company မှာအလုပ်ရသွားတယ်တဲ့၊အဲ့တာကလည်း မင်းcompany မှာပဲလေ၊ ရှောင်းကျန့်အတော်လေးပင်ပန်းခဲ့တယ် ရိပေါ်၊ သူဒုတိယနှစ်မှာ အဝေးသင်ပြောင်းရတယ်လေ၊ မင်းကလည်း အတွင်းရေးမှုးဆိုတာ ဘာသာစကား သုံးလေးမျိုးလောက်တင်ထားသင့်တယ်လို့ပြောတော့ သူ့မှာ ညတိုင်းညတိုင်းစာကြည့်ရတာကတလုပ် စာရင်းတွေလုပ်နေရတာကတဖက်နဲ့ စားပွဲခုံခေါင်းအုံးပြီး အိပ်ပျော်သွားရတဲ့နေ့တွေကြည်းပဲ၊ ရှောင်းကျန့်ကဥာဏ်ကောင်းပါတယ်၊ အလိုက်လည်းသိတယ်၊ စေ့စပ်သေချာလွန်းတယ်၊ သူအသဲကွဲပြီဆိုရင်ငါ့ဆီအရက်လာသောက်နေကြ၊ရင်ဖွင့်နေကြ၊ငါလည်းသူဆိုးသမျှ၊ပြောသမျှစကားတိုင်းနားထောင်နေကြ၊သူ မင်းကိုချစ်ရတာပင်ပန်းလာရင်လည်း ငါ့လာပြောနေကြ။ တကယ်ဆို ရှောင်းကျန့်က သူ့အသက်ရဲ့ တဝက်ကို မင်းဆီမှာပဲ မြုတ်နှံထားခဲ့တာ သူ့အဖေနဲ့အတိုက်အခံဖြစ်ပြီးတော့တောင်လေ။...."

Boss! (complete) Where stories live. Discover now