10

2.5K 201 4
                                    


"ရိပေါ်... မဖြစ်နိုင်ဘူး သား....."
"ဗျာ...""
အော်... ပါးပြောတာ... ဒီလိုပါ. သားက အလုပ်..အလုပ်..အလုပ်..အလုပ်ပဲခေါင်းထဲရှိတာလေ. အဲ့တော့ရင်ခနခုန်ရုံနဲ့ သဘောကြသွားတာကမဖြစ်နိုင်ဘူး.အဲ့တာကြောင့်.တကယ်လို့သားသဘောကြသွားတာ လား? ခ်စ်သြားတာလား?ဆိုတာသေချာအောင် အတည်ပြုရမယ်..."
"ဘယ်လိုလည်းပါး? ပါးပြောတာ သားနားမလည်ဘူး"
"အော် သားရဲ့နှလုံးသားလေးက အဲ့တစ်ယောက်ကိုချစ်သွားတာလားဆိုတာပြန်မေးကြည့်ရမယ်လေ သူနဲ့အတူရှိရင်ပျော်လား? သူ့ကိုရောကိုက ကာကွယ်ပေး ချင်လား? သူနဲ့အတူနေရတာ စိတ်ချမ်းသာလား? အဓိကကေတာ့ သူနဲ့အတူရှိနေရင်ကိုကစိတ်ချမ်းသာတယ်ဆိုရင် သားသူ့ကိုသဘောကြချစ်နေလို့ပေါ့.။ အခုသားရဲနှလုံးသားကအဖြေမထွက်သေးဘူးဆိုရင် အချိန်ရရင်ရသလောက် သူနဲ့ အတူနေပြီး စကားတွေတီတီတာတာလေးတွေပြောကြည့်လေ သိပ်မကြာလောက်ပါဘူး အဖြေထွက်လာလိမ့်မယ်"
"ဟုတ်...ပါး...."

သူ့နှလုံးသားက တစ်ခါမှမသုံးရသေးလို့ ပါးပြောတဲ့အဖြေကို ဘယ်လိုတောင်ရှာမလည်း အခက်တွေ့နေသည်။..

.. စိတ်ညစ်ညစ်နဲ့ပဲ အိမ်ကိုသာပြန်လာပြီး အခန်းအောင်းနေလိုက်ရင်း အတိတ်ကိုသာပြန်စဉ်းစားနေလိုက်သည်။

=======================
"ရိပေါ် ..."
"ဟင်..."
"ဒီမှာ...ရေ..."
"တော်ပြီ .ငါ့မှာရေရှိတယ်. "
"အာ..ဟုတ်..."
ကောင်မလေး တစ်ယောက် ခေါင်လေးငိုက်စိုက်ကျကာ ရေဘူးလေးအား.အသက်မဲ့စွာကြည့်ရင်း ထွက်ခွာသွားလေသည်။
အမှန်တကယ်လည်း ရေဘူးရှိနေလို့လက်မခံလိုက်တာပါ.။ လေ့ကျင့်ချိန်ပြီးလို့ အတန်းပြန်လာတိုင်း လော့ကာထဲမှာ ရေဘူးအေးအေးလေးကအမြဲရှိနေတက်တယ်။ဘယ်သူပေးတာမှန်းမသိပေမယ့် ပေးတဲသူကိုတော့ကျေးဇူးတင်ပါတယ်။ တခါတေလ သူစိတ်ပင်ပန်းတာဖြစ်ဖြစ် အိပ်ချင်နေတာပဲဖြစ်ဖြစ် မလန်းဆန်းနေဘူးဆိုရင်လည်း သူ့လော့ကာထဲ green tea ဘူးလေး အမြဲတွေ့ရတက်သည်။
အစက ရိပေါ် green tea မကြိုက်တက်။ မှတ်မှတ်ရရ ကောင်လေးတစ်ယောက် စာကြည့်တိုက်မှာ စာလုပ်ပြီး ပင်ပန်းလို့ ကော်ဖီဘူးပုံစံလေးကိုသောက်တော့ အပြုံးချိုချိုလေးနဲ့ အတောက်ပဆုံးပြုံးလိုက်တဲ့ကောင်လေးက တကယ် ခုနကစာလုပ်ပြီးပင်ပန်းနေတဲ့ကောင်လေးနဲ့ လားလားမှမသက်ဆိုင်ပေ။
အဲ့သလောက်တောင်ကောင်းလား?...
ရိပေါ် နေ့လည် ထမင်း စားဆင်းချိန်ကြတော့ စာကြည့်တိုက်ထဲကကောင်လေးကို သတိရသွားသည်။ ကောင်လေး သောက်တဲ့ဘူးပုံစံလေးကိုလိုက်ရှာကြည့်တော့... ဘူးလေးက ကော်ဖီမဟုတ်ပဲ green tea လေးဖြစ်နေသည်။ အော်...ဒါကြောင့်ကိုး..ကောင်လေး ပြုံးသွားတာက။
( ရှောင်းကျန့်ကို ရိပေါ်က အရင်တွေ့တာပါနော်။ ရှောင်း ကျောင်းပြောင်းလာတာ၈တန်းနှစ်မှာ။ အဲ့တုန်းကလည်း ရှောင်း ကကျောင်းသားသစ် ပေါ်တိကို မသိသေးဘူး ဟိုကလည်းမသိသေးဘူး.အရင်တွေ့တာက ရိပေါ်က ရှောင်း ကော်ဖီသောက်တာကိုအရင်မြင်တာပါ နောက်မှရှောင်းကတွေ့ပြီးပေါ်တိကိုသဘောကြသွားပြီးလိုက်တာပေါ့နော်။)

Boss! (complete) Where stories live. Discover now