extra 2

1.6K 102 1
                                    

boss extra 2
ဒေါ်ရိဟန် အသက်ကြီးမှ သူ့သားceo ! boss! ကျပ်မပြည့်! အူကြောင်ကြား ! ၄နှစ်သား! ရဲ့တောင်းဆိုမှုကြောင့် ရုပ်ရှင်လာကြည့်ရလေသည်။
ဘာတွေစိတ်ကူးပေါက်နေလည်းမသိ။ ခုလည်းကြည့်လေ သူရောက်နေတာတောင်မတော်ကြာပြီ အဲ့ ဖ မဆုံးမသားလေးကရောက်မလာသေးပေ။
စိတ်တိုတိုနဲ့ ကော်ဖီသောက်နေရင်း အရှေ့ကလူကြောင့် သောက်နေတဲ့ coffee တောင်သီးသွားရလေသည်။
"ဖူး...အဟွတ်..အဟွတ်.အဟွတ်.."
"ရ.ရ.ရဲ့လား ရိဟန်ရယ် ကလေးမဟုတ်ဘာမဟုတ် coffee သည်းရသလား"

ဦးဝမ်ရင်းချန်တစ်ယောက် ကျောလေးကို သာသာလေးပုတ်ပေးကာ စိုးရိမ်စကားဆိုလိုက်လေသည်။
."ဟိုကောင်စုတ်လေးကတော့လုပ်ချလိုက်ပြန်ပြီ"
ဒေါ်ရိဟန်စကားကို အံလေးသေးသေးလေးကျိပ်ပြီးဆိုလိုက်လေသည်။
့မကြာပါ သူ့သား ဝမ်ရိပေါ် အိကျီ အပြာ ဘောင်းဘီအဖြူလေးနဲ့ လက်တစ်ဖက်က ချစ်ရသူလက်ကိုဆွဲ ကျန်တစ်ဖက်က ဘုတ်သိုက်ချထားတဲ့ဆံပင်လေးကို ပင့်ကာပင့်ကာနဲ့ ဒီပေါက်စန မြောက်ကြွမြောက်ကြွကောင်လေးရောက်လာပါပြီ။
"အော် ပါးနဲ့မားတို့တောင်ရောက်လာကြပြီကိုး ထိုင်ထိုင် သားပြောစရာရှိလို့"
အော် ကောင်းလိုက်တာ သူကလူကြီးလား ကျန်တဲ့သူတွေကကလေးလား ပါးနဲ့မားဖြစ်သူကိုကြတော့ လက်ကလေးပုတ်ပြပြီး ထိုင်ထိုင်တဲ့ သူ့လင်လေးကြတော့ ဝင်ရလွယ်အောင်ခုံလေးတောင်ထုတ်ပေးလို့။
"အဟမ်း.အဟမ်း. "
"အပိုတွေလုပ်မနေနဲ့ အကြံအစည်ကိုပြော"
မား ပိတ်ငေါက်လိုက်မှ ငြိမ်သွားတဲ့ကောင်လေးပါ ။
"ဒီလိုပါ မား သားကမားတို့ကို ပြန်အဆင်ပြေစေချင်လို့ အဲ့တာ..ရှောင်းကျန့်က စီစဉ်ပေးတာ"
"ဝမ်ရိပေါ်!!"
ရှောင်းကျန့် လည်း သူ့အမှုသူတိုင်ပတ်တော့သည်။
အစကတိုင်ပင်ထားတာအကောင်း အခုမှ သူ့bossက ဝက်ရူးထပြန်ပြီး သူ့ဘက်လွှဲချလိုက်လေသည်။
ကောင်းသလား... ပြော
"ဟို..ဟို.."
"ရှောင်းကျန့်"
"ဗျ..ဗျာ..."
"သား.စီစဉ်တာလား"
"ဟုတ်.ဟုတ်ကဲ့. သားလုပ်လိုက်မိတာပါ"
"သားလုပ်တာ အကြောင်းမဟုတ်ဘူး မားတို့ကို ဖိုးဖိုးသိသွားရင်ဘယ်လိုလုပ်မလည်း"
ဒေါ်ရိဟန် အရှေ့ကလူကိုမျက်နာပူတာနဲ့ မသိသေးတဲ့ ဖိုးဖိုးကိုဆွဲထည့်တော့..သူ့ရဲ့မတော်ရသေးတဲ့ သမက်လေးက
"ကျွန်တော်ဖိုးဖိုးကိုပြောပြီးပါပြီ သူလည်းခွင့်ပြုပေးပါတယ် ဖိုးဖိုးကပြောတယ် သူလည်းအသက်ကြီးပြီတဲ့ ငယ်ငယ် တုန်းက သူ့အမှားတွေကိုလည်းနောင်တရပါတယ်တဲ့ သူ့ကြောင့် သူ့သမီးလေး ဝမ်းနည်းအထီးကျန်ခဲ့ရတဲ့အချိန်တွေအတွက်လည်း ပါးနဲ့ပြန်အဆင်ပြေသွားရင် ပါးကိုရောမားကိုရော ခွင့်လွှတ်ပေးဖို့တောင်းဆိုချင်ပါတယ်တဲ့ သားတို့ဖြစ်စေချင်တာကတော့ သားတို့လည်း ပါးနဲ့မားတို့ကို ပြန်ပေါင်းစေချင်တယ် အသက်အရွယ်အရဆိုရင်လည်း ပြန်ပေါင်းလည်းနော်မကျသေးဘူး ပြီးတော့ ရိပေါ်ကိုလည်း မိသားစု တွေတစုတစည်းထဲ စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် နေတာကိုပဲ မြင်ချင်တာပါ ဒါကတော့ သားတို့ဖြစ်စေချင်တာပေါ့ မားတို့ပါးတို့ကိစ္စကိုတော့ မားတို့ဘာသာဆက်ပြီးပြေလည်အောင်ညှိပါ သားတို့ကတော့ ရုပ်ရှင်ကြည့်ရင်းနဲ့စောင့်နေပါ့မယ် သွားရအောင် ရိပေါ်"
မျက်နာငယ်လေးတွေနဲ့ပြောချင်ရာပြောပြီး ထွက်သွားတဲ့မြောက်လောင်းနှစ်ကောင်ကတော့ သူတို့.ရှုပ်သွားတဲ့အရှုပ်ကိုတစ်ခါတည်းရှင်းမသွားပဲ တံခါးဝကနေသာအခြေနေအကဲခတ်နေကြလေသည်။

Boss! (complete) Where stories live. Discover now