"လာစမ်း..!! နောက်တစ်ခါဒီလိုထပ်ထွက်ပြေးကြည့်..အခန်းပိတ်ပြီး ရိုက်ပစ်မယ်..ကြားလား..!!"

"အဟင့်~~ဟုတ်.."

ငိုရင်း တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေသည့် ဆော‌လေး၏ လက်အား အားနှင့် ဆွဲကာ ခေါ်သွားသည့် အဒေါ်ကြီးသည်
ကလေးငယ်အပေါ် ကြည်ဖြူမှုမရှိသည်ကတော့
ကြည့်ရုံနှင့်သိနိုင်သည်..။
သို့သော်လည်း ဂျီမင်သည် အပြင်လူသာဖြစ်သည်မလို့
ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်..။

"ရပ်စမ်း! "

ကလေးမလေးလက်အား ဆောင့်ဆွဲကာ ထွက်သွားသည့်
အဒေါ်ကြီးနောက်တွင် ထွက်ပေါ်လာသည့် အာဏာပြင်းလှသည့် အသံတစ်ခု..။
ထိုအသံပိုင်ရှင်ကာ တစ်ချိန်လုံးငြိမ်နေခဲ့သည့်
အရှင်ဂျွန်ပင်..။

အေးစက်စက်အာဏာသံသည်
ကြားရသူတို့၏ စိတ်ကို ချုပ်ကိုင်နိုင်စွမ်းရှိသည်..။
ခုနအဒေါ်ကြီးသည်လည်း
မသိလိုက်ခင်မှာတင် ခြေလှမ်းများ တုံ့ခနဲ ရပ်သွားရလေသည်..။

"ဘာ..ဘာကိစ္စလဲ..!!"

"အဲ့ကလေး.. ဘယ်ကနေ ခင်ဗျားဆီရောက်လာတာလဲ.."

မျက်ရည်လည်ရွဲနှင့် ငိုနေသည့်ကလေးငယ်အား မေးငေါ့ကာ မေးလိုက်တော့ ထိုမိန်းမကြီး၏
မျက်နှာသည် သိသိသာသာပင်
ပျက်ယွင်းသွားရ၏.။

"ဘယ်ကရောက်လာရမှာလဲ..!! ဒါ ငါ့..ငါ့တူမ..!"

မနှစ်မြိုသည့် အရိပ်အယောင်များနှင့် မိန်းမကြီးသည် အထစ်ထစ်အငေါ့ငေါ့နှင့် ထိုစကားကိုသာပြောပြီး
ဆောလေးအားလက်ကို ပြန်ဆွဲကာ အလျင်စလိုပြန်လှည့်
ထွက်ရန် ပြင်သည်..။

"အဟက်.!.ငါကိုယ်တော်လို ဧကရာဇ်ကို လိမ်ဝံ့တယ်ပေါ့ !"

"ဧ..ဧကရာဇ်~?"

တုန်လှုပ်နေသော အရိပ်အယောင်များနှင့် ထိုအဒေါ်ကြီးသည် ထိန့်လန့်သွားဟန်မျက်လုံးများနှင့်
အရှင့်အား ပြန်လှည့်ကြည့်လာသည်.။
ပြီးမှ
ဘာမှ မဖြစ်သယောင် မျက်နှာအနေအထားကို ပြန်ပြင်သွားသည်..။

"အဟမ်း..ဘာဧကရာဇ်လဲ..!
အထောက်အထားမရှိပဲ ယုံရမှာတဲ့လား.."

"ဒီဓားကို ခင်ဗျားရဲ့သွေးသောက်ခိုင်းပြီးတဲ့ အချိန်ဆိုရင်ရော ယုံလောက်မလား..?"

❀အရှင့်ရဲ့ အဖြူရောင်ပန်းငယ်❀ (Complete)Where stories live. Discover now