ထိုအခြေအ‌နေကား
ခုနတည်းကငြိမ်နေသော အရှင်ဂျွန်သည် ထိုကလေး၏ လည်ပင်းရှိ ဆွဲကြိုးကို
မျက်စိမလွဲပဲစောင့်ကြည့်နေခြင်းပင်ဖြစ်သည်...။

ခပ်နွမ်းနွမ်း အင်္ကျီကိုဝတ်ဆင်ထားသည့်
ကလေးငယ်၏ လည်တိုင်လေးထက်တွင်
နေရာယူထားသည့် ကျောက်စိမ်းလက်စွပ်လေးသည်ကား
သာမန် အသေးအဖွဲ့အသိမ်အနုပ်လေးတော့မဟုတ်ချေ..။

"ဆော နင်ဘယ်လိုဖြစ်လို့ဒီရောက်နေတာတုန်း..ဟမ်!!"

"ဟင့်..ပါးပါး.."

ကလေးငယ်လေးအားချီကာ မြူနေရင်း
ဒေါသသံရောနေသည့် အသံခပ်မာမာနှင့်အတူ ဂျီမင့်ရှေ့သို့ရောက်လာသည့် အဒေါ်ကြီးတစ်ဦး..။
ထိုမိန်းမကြီးကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် ဂျီမင့်လက်ပေါ်ရှိ ကလေးငယ်လေးသည်ကား
ဂျီမင့်လည်ပင်းကိုမလွှတ်တမ်းဖက်ကာ အားကိုးတကြီးပင် အသံငယ်လေးနှင့်
ပါးပါးဟုသာ ခေါ်နေတော့သည်..။

"ဆော..နင်ဒီကိုလာစမ်း..!!"

"ဟင့်အင်း..!! ပါးပါး~အီးးဟီးး"

ကလေးကိုချီထားသည့် ဂျီမင်နှင့် ဘေးတွင်ရပ်နေသော
ဂျောင်ကုကို ရှိသည်ဟုပင်သဘောမထားပဲ
ဂျီမင့် လက်ထဲရှိ ဆောအမည်ရှိသော ကလေးမလေးကိုသာ
သည်းကြီးမည်းကြီးခေါ်နေသည့်
ထိုမိန်းမကြီးကို
ဂျီမင် အမြင်မကြည့်တော့ချေ..။

ကလေးက ဒီလောက်ကြောက်နေပုံရရင် ဘယ်လိုတောင် ‌နှိပ်ဆက်ထားသလဲမှ မသိတာ..။

"ကလေးက အရမ်းငိုနေတယ် အတင်းဖိအားမပေးပါနဲ့လား.."

ငိုနေသည့် ကလေးမလေး၏ ကျောလေးအားပုတ်ပေးလိုက်ပြီး
ထိုအဒေါ်ကြီးအား ဒါလေးတောင်မသိဘူးလားဆိုသည့်ပုံစံနှင့်
ဂျီမင်ပြောလိုက်သည်..။

"ငါ့တူမ ငါခေါ်တာ မင်းနဲ့ဘာဆိုင်လဲ..မဆိုင်ရင်ဝင်မပါနဲ့..
ဆော..နင် အခုချက်ချင်းမလာ
ရင် ဘာဖြစ်မလဲ သိတယ်မလား..!!
ဟမ်..ဒီကိုလာစမ်း..!!"

"အီးးဟီးးး.."

ဂျီမင်တို့အား
ခပ်တင်းတင်းပြောလာသည့်စကားနှင့်အတူ
ကလေးလေးကိုပါခြိမ်းခြောက်ပြောလာသည့် ထိုမိန်းမကြီးကြောင့်
ဆောလေးသည် ငိုနေရင်းပင် ဂျီမင်လက်ပေါ်မှာ တွန်းထိုးဆင်းတော့သည်..။
ကလေးမလေးသည်
ထိုမိန်းမကြီးအား တော်တော်ကြောက်ပုံရသည်...။

❀အရှင့်ရဲ့ အဖြူရောင်ပန်းငယ်❀ (Complete)Where stories live. Discover now