ဟယ်ကျိုး ဤကိစ္စကိုသေချာစဉ်းစားခဲ့ပြီးပြီဖြစ်သည်။ အဆုံးမှာတော့ ချိယွီက သူ့ကို အလွန်ကိုမှ‌ သဘောကျနေတယ်ဆိုတာကို ကောက်ချက်ချနိုင်လိုက်တယ်။


ပထမတွင် ၊ ၎င်းတို့ကြားထဲက pheromoneကိုက်ညီမှုမှာ 100%ရှိခဲ့ပြီး လည်ပင်းက တားဆေးကော်လာဝတ်ထားလျှင်တောင် နှစ်ယောက်သား အချင်းချင်း လွယ်ကူစွာ ဆွဲဆောင်နိုင်လေသည်။


'မြင်မြင်ချင်းအချစ်' ဆိုသည့်အရာတောင် ဤမျှလောက် အံ့ဩစရာကောင်းလောက်မည် မထင်။


ဒုတိယအနေနဲ့ ၊ ဟယ်ကျိုးက ချိယွီကို အမှတ်ပေးပြီးသားဖြစ်တဲ့အတွက်ကြောင့် ဝိဉာဉ်ပြောင်းသွားတယ်ဆိုရင်တောင် ၊ ချိယွီအသစ်မှာ အမှတ်ပေးပြီးသားကိုယ်ကြောင့် သက်ရောက်မှုရှိနေနိုင်သေးသည်။ထို့ကြောင့် အမှတ်ပေးထားဖူးသော Alphaဖြစ်သည့် ဟယ်ကျိုးကို ချစ်နှစ်သက်ကာတောင့်တနေ‌လိမ့်မည်ပင်။


အရင်နှစ်ခါက ဟယ်ကျိုးတစ်‌ယောက် ချိယွီကို တမင်တကာ လှည့်စားခဲ့ချိန်က ချိယွီရဲ့ တုံ့ပြန်မှုနဲ့ စုစည်းထားတဲ့ pheromone ထုတ်လွှတ်မှုက ဒါကို သက်သေပြခဲ့တယ်။



တစ်နည်းဆိုရသော် သူဆန္ဒရှိသရွေ့ ဟယ်ကျိုးသည် ချိယွီကို အချိန်မရွေး estrus ဖြစ်စေနိုင်သည်။ ချိယွီက ဤ Alpha ကို 'ချစ်သည်' မှလွဲ၍ ရွေးချယ်စရာမရှိသလို သူ့ကိုယ်သူ လုံး၀ ရုန်းထွက်နိုင်တော့မည်မဟုတ်ပေ။


တစ်ချိန်လုံးတွင် ချိယွီက ဤသို့သော ဖိအားများကို ခုခံနိုင်စွမ်းမရှိပေ ။


သို့သော်လည်း ဟယ်ကျိုးက လူတွေကို အတင်းအကြပ် ဖိအားပေးရတာမျိုး မလုပ်ချင်ဘူး ။ လက်ရှိ ချိယွီက အလွန်စိတ်ဝင်စားစရာကောင်းတယ်လို့ သူခံစားရသော်လည်း၊ ဖြေရှင်းချက်အဖြစ် အတင်းအကြပ်ခိုင်းစေရန်အတွက် သူ့ရဲ့pheromone ကိုအခွင့်ကောင်းယူရန်လည်း မစဉ်းစားခဲ့ပေ။


ဤကိစ္စသည် ဖြစ်နိုင်သော်လည်း ထိုသို့လုပ်စရာမလိုအပ်ပါ။


ယခုလက်ရှိအခြေအနေမှာ ၊ ချိယွီက သူ့ကို စိတ်ဝင်စားနေကြောင်း အချက်ပြဖို့ ကြိုးစားခဲ့ခြင်းဖြစ်နိုင်တယ်။


『omegaဖြစ်ပြီး‌နောက်ကိုယ်ဝန်ရှိမှန်းသိရ,omegaဖြစ်ပြီးနောက်ကိုယ်ဝန်ရှိမှန်းသိရ』Where stories live. Discover now