""'ကျွန်တော်ကစကားမပြောနိုင်လို့ပါဗျ""'

တစ်ဝိုင်းလုံးတိတ်ဆိတ်သွားပြီးနောက်ယင်းမီ၏ရွံရှာသည့်ဟန်ဖြင့်အသံသာထွက်ပေါ်လာသည်။

"ဒါဆိုနင်က'အ'နေတာပေါ့...."

ယင်းမီ၏အသံမှာမတိုးပေ။
ကန်တင်းတစ်ခုလုံးနီးပါးမှာလုံးဝတိတ်ဆိတ်ငြိမ်သက်သွားတာကြောင့်ယင်းမီ၏မျက်နှာမှာအနည်းငယ်ထူးဆန်းသွားသည်။အမှန်တကယ်တော့ရှောင်ကျန့်ရဲ့ချစ်စဖွယ်ကောင်းလွန်းသည့်မျက်နှာလေးကြောင့်ကန်တင်းတစ်ခုလုံးနီးပါးကလူတွေဟာရှောင်ကျန့်ရှိရာဝိုင်းဆီသို့အာရုံစိုက်နေကြတာဖြစ်သည်။

ကျောင်းရဲ့နာမည်ကြီးတွေနဲ့အတူထိုင်နေသည့်ရှောင်ကျန့်ရဲ့မျက်နှာလေးမှာအသက်ရှုမှားဖွယ်လှပသလိုသူ့ရဲ့အပြုအမူတစ်ခုချင်းစီကအလွန်ချစ်စရာကောင်းလွန်းနေသည်လေ။

ထို့အတွက်ခိုးကြောင်ခိုးဝှက်ကြည့်နေသူများအနေနဲ့ဇာတ်လိုက်မရဲ့စကားကိုရှင်းရှင်းလင်းလင်းကြီးကြားလိုက်ရသည်မှာမလွဲပေ။

တစ်ခြားသူတွေမပြောနဲ့၊ပုံမှန်ပျော်ပျော်နေတတ်သည့်ဇာတ်လိုက်ချင်းထန်တောင်မှာအတော်လေးဒေါပွသွားသည်။ယင်းမီရဲ့လုပ်ရပ်ကကောင်ငယ်လေးကိုနှိမ့်ချလိုက်သည်နှင့်မကွာခြားပေ။သူမကတစ်ဖက်လူရဲ့အားနည်းချက်ကိုလှောင်ပြောင်နေခြင်းကြောင့်လူတိုင်း၏ရင်ထဲကသူမရဲ့ပုံရိပ်မှာလုံးဝပြောင်းလဲသွားသည်။

သူတို့ကအားနည်းသူကိုဂရုဏာသက်ကာအတတ်နိုင်ဆုံးဂရုစိုက်ပေးချင်ကြသည်။အထူးသဖြင့်ရှောင်ကျန့်လိုအရုပ်လေးဖြင့်တူလွန်းတဲ့ချစ်စရာကောင်ငယ်လေးကိုဖြစ်သည်။၎င်းကသူ့ကိုလူတိုင်းအားစောင့်ရှောက်ရန်လိုအပ်သည့်တိရိစ္ဆာန်သေးသေးလေးတစ်ကောင်နှင့်အထင်မှားသွားစေသည်။

လူတိုင်း၏အကြည့်အောက်၌ပင်ရှောင်ကျန့်ရဲ့အနက်ရောင်ခေါင်းလုံးလုံးလေးမှာအောက်သို့ငုံ့ကိုင်းသွားရင်းသူ့ရဲ့စာအုပ်လေးပေါ်တွင်စာလုံးတစ်ချို့ကိုရေးချလိုက်သည်။

""'ကျွန်တော်သန့်စင်ခန်းတစ်ချက်လောက်သွားလို့ရမလား...""'

ရှောင်ကျန့်ရဲ့မျက်နှာလေးကလွန်စွာညှိုးငယ်နေပြီးသူ့ရဲ့စာအုပ်လေးကိုပိုက်လျက်ဇာတ်လိုက်တို့ဝိုင်းမှာထွက်ခွာသွားသည်။

system 091 Where stories live. Discover now