သူ့ကလေးကိုသတ်လို့
ငါ့ကို
ရှောင်ကျန့်ကသတ်တော့မှာလား?
လှိုက်တက်လာတဲ့ဝမ်းနည်းမှုနဲ့
မျက်ဝန်းအိမ်ထဲကမျက်ရည်က
ခေါင်းအုံးထဲစိမ့်ဝင်နေတာကိုတော့
တစ်ယောက်သောသူကမသိရှာပေ။
"ဝမ်ရိပေါ်..
မင်းကငါ့ကလေးကိုသတ်လို့
ငါကမင်းကိုသတ်မှာ..
မင်းကသေသင့်တယ်
သေရမယ်..ဟားဟား"
သေရမယ် လို့ဆိုကာ
လည်ပင်းကိုညှစ်ထားတဲ့
လက်တွေကိုဖယ်ခွာသွားပြီး
အပေါ်အကျီ်ကုတ်ထဲကနေ
ဓားတစ်ချောင်းကိုထုတ်ပြီး
လည်ပင်းနားကိုကပ်လာတယ်
ပြီးတော့ပြန်မြှောက်ပြီး
အားကုန်ထိုးစိုက်လိုက်တယ်
"အား..!!"
"ရိပေါ်ပေါ်..အဆင်ပြေရဲ့လား..
အိမ်မက်ဆိုးမက်လို့လား"
"အီး..ကျိုးချန်..ဟင့်"
"မငိုနဲ့ ...မငိုနဲ့နော်..
ရေသောက်လိုက်
အဆင်ပြေသွားလိမ့်မယ်နော်"
"အင့်..အင့်!"
ကုတင်ပေါ်မှာထိုင်ပြီး
တအင့်အင့်နဲ့ရှိုက်ရှိုက်ငိုနေတဲ့
ရိပေါ်ပေါ်လေးကို
ရင်ခွင်ထဲထည့်ဖတ်ထားရင်း
အကြောက်ပြေအောင်
ခေါင်းကိုပွတ်ပေးနေမိသည်
အခုနက ရိပေါ်ပေါ
အိပ်ပျော်နေချိန်မှာ
ဆရာဝန်က
လာတွေ့ဖို့အတွက်ပြောလို့
သွားတွေ့တော့
ရိပေါ်ပေါ်ရဲ့စိတ်အခြေအနေကို
သိခဲ့ရတယ်
အခုချိန်ကလုံးဝကို
မကောင်းတဲ့အခြေအနေ
ဖြစ်နေတယ်တဲ့
စိတ်မကောင်းဖြစ်ရုံမှ
တစ်ပါးမရှိဘူး
ပြန်ရောက်လို့အခန်းဝကို
ဝင်ရုံရှိသေးတယ်
ကုတင်ပေါ်ကရိပေါ်ပေါ်က
အသားကုန်ကြီးအော်ကာ
လန့်နိုးလာတာကြောင့်
အပြေးဖတ်ထားမိတယ်
<<<<<<<>>>>>>>
မေ့ဖျောက်ပြီးတော့.....
ESTÁS LEYENDO
Have A Bun In The Oven
Fanfictionတန်းတူညီမျှမှုကိုတောင်းဆိုနေတဲ့ကမ္ဘာကြီးမှာ တစ်ခါတစ်ရံအတူတူလုပ်ကြတဲ့အရာတွေက ရလဒ်မတူညီစွာကျန်ရှိနေတတ်တယ်...... မြင်ရတဲ့ရလဒ်ပဲဖြစ်ဖြစ် မမြင်ရတဲ့ရလဒ်ပဲဖြစ်ဖြစ် များစွာကိုလျစ်လျူရှုပြီး မမြင်ရတဲ့ဖိအားတစ်ရပ်ရှိနေတာကို မေ့ဖျောက်ပြီးတော့.....
