အပိုင်း ၂၇(Uni)(Zawgyi)

Start from the beginning
                                    


သူမ မနက်စာမစားခင်မှာ မိန်းမစိုးခေါင်းဆောင်ရဲ့ လေးနက်တဲ့မျက်နှာက သူတို့ရှေ့မှာ ပေါ်လာနေပြီ။


သူ့ပုံစံကလေ တစ်စုံတစ်ယောက်က သူ့ဆီမှာအကြွေးတင်နေပြီး ပြန်မပေးသလိုမျိုး မျက်နှာကမည်းမှောင်နေပြီး စိတ်အနှောင့်အယှက်ဖြစ်နေပုံရတယ်။


ဒါ့အပြင် သူ့အသံက ဘဲထီးတစ်ကောင်လို မနှစ်မြို့စရာကောင်းတဲ့ စူးစူးရှရှ အသံထွက်နေတယ်။

“ရှောင်ယောင်းဇီ ၊ မင်းက အကြောက်အရွံ့ကင်းတယ်ပေါ့လေ ဟမ်?မင်းကအစေခံလေ ပြီးတော့ မင်းရဲ့သခင်​ထက်​​တောင်​ ​နောက်​ကျမှ အိပ်​​ရဲတယ်ပေါ့? မင်းရဲ့ ဦးနှောက်ကို မလိုချင်တော့ဘူးလား !” မိန်းမစိုးခေါင်းဆောင်က စူးစူးရှရှအသံနဲ့ပြောလာခဲ့သည်။


မိန်းမစိုးခေါင်းဆောင်ရဲ့ စကားကြောင့် လဲ့ယောင်းယောင်း၏ တစ်ကိုယ်လုံးကို တုန်တက်သွားစေတယ်  သူမ စိတ်ထဲကနေ  သက်ပြင်းချလိုက်ပြီး တကယ့်အစစ် မိန်းမစိုးရဲ့ ခန္ဓာကိုယ်ထဲသို့ ပို့ဆောင်တာကိုမခံခဲ့ရသည့်အတွက် ဝမ်းသာမိတယ် ။တစ်နေ့မှာ သူ့လိုမျိုးသာ သူမ အဆုံးသတ်သွားခဲ့ရင် သူမ သေတောင်သေသွားလိမ့်မယ်။

လဲ့ယောင်းယောင်း မိန်းမစိုးခေါင်းဆောင်ကို တိတ်တဆိတ်ဝေဖန်နေချိန်တွင် ရှောင်မုဇီက သူမအနားတွင် ဗြောင်းဆန်သွားခဲ့သည်။ မိန်းမစိုးခေါင်းဆောင်ရဲ့ မျက်နှာပေါ်တွင် လေးနက်သော အမူအရာကို သူသတိထားမိလိုက်ပြီး ရှောင်ယောင်းဇီအား အပြစ်ပေးလိုက်မှာကို စိုးရိမ်နေမိသည်။ဒါကြောင့် မိန်းမစိုးခေါင်းဆောင်၏ ရှေ့မှောက်တွင် သူအသနားခံဖို့အတွက် စိတ်မပါပဲ ရှောင်ယောင်းဇီကို ချက်ချင်းပင် ဒူးထောက်ဖို့ဆွဲချလိုက်လေသည်။

“ မိန်းမစိုးအကြီးအကဲခင်ဗျာ ၊ ရှောင်ယောင်းဇီက အဲ့တာကို ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမဟုတ်ပါဘူး။ "သူ" သိပ်နေမကောင်းလို့ ပုံမှန်ထက် နောက်ကျမှထလိုက်တာပါ။  ဒီတစ်ခါတော့ သူ့ကို ခွင့်လွှတ်ပေးလိုက်ပါ  မိန်းမစိုးအကြီးအကဲ! ”

“အိုး?  သိပ်နေမကောင်းဘူး?  ဟုတ်လား?”

မိန်းမစိုးခေါင်းဆောင်က ရှောင်ယောင်းဇီဘက်သို့ လှည့်လိုက်သည်။

ကိုယ်ဝန်နဲ့ မိန်းမစိုးလေးWhere stories live. Discover now