Part - 1

24.6K 714 4
                                    

Unicode

သူပန်ထားတဲ့ ပန်းနီနီ နေရာခဏလဲချင်သည်.....
ကြင်နာသူလေးလှဖို့ ကြိုးစားမည်.......
ရင်မှာသည်လောက် ချစ်ပါသည်
သူပျော်တာ အမြဲ တွေ့ချင်သည်
သူ့အရိပ်ဖြစ်မြဲရှိနေတတ်ပြီ.......

သူဆင်မြန်းတဲ့ ဖိနပ်နီနီ ...........
နေရာခဏလဲချင်သည်.......
ကြင်နာသူလေး ခလုတ်ထိဖို့ ကြိုးစားမည်.......
ရင်မှာသည်လောက်ချစ်ပါသည် .........
ဘာဆို ကိုယ်ဆုံးရှုံးခံမည် ...

အလှမ်းဝေးတဲ့ ပန်းကလေး မြနှင်းဆီ.......

သီဆိုနေတဲ့ အသံဟာ ငြိမ်သက်သွားသလို ဂီတာကြိုးမျှင်ပေါ်က လက်ချောင်းတွေဟာလည်း ရပ်တန့်သွားကြသည်။

တိတ်ဆိတ်နေသည်။ငြိမ်သက်နေသည်။တည်ငြိမ်နေသည်။ ဘာကိုမှ မတွေးဘဲ ။ဘာကိုမှ သတိမရဘဲ တိုတောင်းလွန်းသော ခဏ ဆိုတဲ့ တကယ့်ခဏလေးမှာပေါ့။

"ဆက်ဆိုလေ ကလေးမရဲ့ "

ငြိမ်သက်မှုကို ဖြိုခွဲလိုက်တဲ့ အသံ။ မေမေ့အသံ။ ရှုရိုက်မိတဲ့လေကို သတိပြုမိတော့ သူ့ပါးပြင်မှာ နွေးခနဲ ကျလာတဲ့ အရည်ကြည်တစ်စက်။ ပြတင်းတံခါး ကိုကျော်ပြီး ကောင်းကင်ကို ငေးကြည့်မိတော့ တွန့်ခနဲ ကွေးသွားတဲ့ သူ့နှုတ်ခမ်းသား။ဘာကြောင့်လဲ.... ဘာကြောင့် ဒီသီချင်းက ဒီလောက်ညို့ယူနိုင်ရတာလဲ..... ။ အဆိုရှင်ရဲ့ အသံကြောင့်လား......။မဟုတ်တန်ရာ ။ ဒီအဆိုရှင်ရဲ့ တခြားသီချင်းတွေ နားထောင်ဖူးနေတာပဲ။
စာသားကြောင့်လား.....သံစဥ်ကြောင့်လား.....။ဘာကြောင့်လဲ မပြောတတ်ပေမဲ့ ဒီသီချင်း ကို သတိရတိုင်း ၊ သီဆိုညဥ်းမိတိုင်း ရင်ထဲမောဟိုက်သလို လွမ်းဆွတ်လာတယ် ။ ဘယ်သူ့ကို ဘယ်အရာကို လွမ်းရလဲဆိုတာတောင် မသိပဲနဲ့။ ပြီးတော့ မိန်းကလေး တစ်ယောက်ကို ပန်းပန်ပေးနေတဲ့ ပုံရိပ်တွေ.......။စိတ်ကူးတွေလား...... ဆန္ဒတွေလား...... မဝေခွဲတတ်။ သေသေချာချာ သိတာ တစ်ခုကတော့ ဒီသီချင်းညဥ်းချိန်တိုင်း မိန်းကလေး တစ်ဉီးကို ပန်းပန်ပေးချင်မိတာပဲ။

ရင်နှင့်အမျှ ချစ်ရသည် (Uni+Zawgi)Where stories live. Discover now