"ကျွန်တော်တို့နှစ်ယောက်ကဖြေရှင်းပြီးတာနဲ့ဒီအတိုင်းပြီးဆုံးသွားဖို့ပဲမျှော်လင့်ခဲ့တာ.....မထင်မှတ်ထားတာကကျွန်တော့်ညီမကဒီအခွင့်အရေးကိုဝင်ယူပြီးနာမည်ကျော်ကြားဖို့အသုံးချလာတာကိုပဲ......"

တစ်ဖက်တွင်ကြမ်းပြင်ထက်၌လဲကျနေသည့်လယ်ရိုဟာရှောင်ကျန့်ရဲ့စကားကြောင့်ထိတ်လန့်တုန်လှုပ်သွားကာအတင်းအကြပ်ဝင်ရောက်ငြင်းဆိုလာသည်။

"မဟုတ်ဘူး.....သူလိမ်နေတာ....လိမ်နေတာ....သူ့ကိုမယုံနဲ့"

လူတိုင်း၏ဓားထက်ထက်နှင့်တူသောအကြည့်တွေမှာလယ်ရိုဆီကျရောက်ပေမယ့်ထိတ်လန့်တုန်လှုပ်နေသောလယ်ရိုကသတိမထားမိသေးပေ။

ခုနကရိုင်နယ်တေးထိန်းချုပ်လိုက်တဲ့ရွှေရောင်အလင်းနံရံကိုမြင်လိုက်ရုံဖြင့်ပင်ဘယ်သူလိမ်လဲဆိုတာသိသာနေပြီဖြစ်သည်။အရူးတွေသာသူမရဲ့စကားကိုယုံကြည့်ပေလိမ့်မည်။သူမကဘယ်သူ့ကိုလှည့်စားဖို့ကြိုးစားနေတာလဲ။

ခန်းမကျယ်အတွင်းရှိဂုဏ်သရေရှိလူတိုင်းဟာထိုစုန်းမ၏လှည့်စားလိမ်ညာခြင်းကိုခံစားလိုက်ရကြောင်းစဥ်းစားလိုက်ရုံဖြင့်ပင်မုန်းတီးရွံရှာစိတ်မှာထိန်းချုပ်မရအောင်ပေါ်ပေါက်လာကြသည်။

ရှောင်ကျန့်ကစိတ်ထဲမှာကြိတ်ပြုံးလိုက်ပေမယ့်အပြင်ဘက်တွက်တော့ပုံမှန်အမူအရာမျက်နှာသေဖြင့်သာခပ်တည်တည်ပင်ရိုင်နယ်တေး၏ဝံပုလွေမျက်နှာဖုံးကြီးကိုဆွဲချွတ်ပစ်လိုက်သည်။

လူတိုင်း၏ပင့်သက်ရှိုက်သံနှင့်အတူဇာတ်လိုက်မလယ်ရိုရဲ့အစိမ်းရောင်မျက်ဝန်းတွေမှာပြူးကျယ်ဝိုင်းစက်သွားရင်းတုန်လှုပ်ခြောက်ခြားသွားသည်။

ဘာ.....ဘာလို့သူဖြစ်နေတာလဲ.....

ရှောင်ကျန့်ဟာသူ့ချစ်သူရဲ့ရုပ်ရည်ကိုဂုဏ်ယူစွာသူ့ရဲ့သေးသွယ်တဲ့မေးလေးကိုပင့်မြှောက်လိုက်သည်။သူနည်းနည်းတော့သဝန်တိုပေမယ့်သူ့မှာဒီလိုချစ်သူချောချောလေးရထားတာကိုမှသူများတွေကိုလိုက်မကြွားရင်နှမြောစရာကြီးဖြစ်နေမှာပေါ့.......

"မဟုတ်ဘူး.....နင်လိမ်နေတာ....သူတို့ကရုပ်တူပေမယ့်သူ့မှာရွှေရောင်ဆံပင်ရှည်နဲ့မျက်လုံးတွေရှိတယ်....."

system 091 Όπου ζουν οι ιστορίες. Ανακάλυψε τώρα