အခန်း-၃၆ ရှုပ်ထွေးသောတိုက်ပွဲနှင့် အပြောင်းအလဲ။

Start from the beginning
                                    

စုယန် ကုဖေးတိအား မြင်လိုက်ရသောအခါ သူဆက်ပြီး စောင့်မနေနိုင်တော့ပေ။

ချက်ချင်းပင် စုယန်သည် ရွှီယွင်ကျန်းအနီးရှိ အသားရောင် မြင်းပေါ်မှ မျက်နှာဖုံးကာထားသော အမျိုးသမီးနောက်သို့ ရောက်သွားပြီး သူမ၏ လည်ပင်းနောက်ဘက်သို့ရိုက်ကာ သတိလစ်စေ လိုက်သည်။ ထို့နောက် သူမအား ခါးမှသိုင်းဖက်ပြီး ပုခုံးပေါ်ထမ်းတင်လိုက်လေ၏။

"စုယန် မင်းဘာလုပ်တာလဲ?!"

ရွှီယွင်ကျန်းက အံ့အားသင့်သွားပြီး ဒေါသတကြီး‌ အော်လိုက်လေသည်။ ထို့နောက် ဓားကိုဆွဲထုတ်ကာ ရှေ့သို့ လျင်မြန်စွာ တိုးလာလေ၏။

"သူမကိုလွှတ်လိုက်!"

စုယန်က တွေးလိုက်သည်။

'အိုး.. ရွှီယွင်ကျန်းက အမျိုးသမီးဇာတ်လိုက်နဲ့ ပတ်သက်ပြီး ခံစားချက်တွေ ရှိ‌နေတယ်ဆိုတာ ငါ မေ့သွားတယ်။ ဒီကောင့်ကို ငါသေချာတားရမယ်!'

စုယန်သည် ‌မေ့ရှစ်စန်းအား အမိန့်လှမ်းပေးလိုက်၏။

"မေ့ရှစ်စန်း! ငါ ရွှီယွင်ကျန်းကို မင်းလက်ထဲအပ်ခဲ့မယ်။ သူ့ကို ငါ့‌နောက် လိုက်မလာစေနဲ့!"

ထိုသို့ပြောပြီးနောက် စုယန်သည် 'မြတ်နိုးဖွယ် ပန်းပွင့်ခြေလှမ်း' ကိုသုံးကာ သုံးလေးပေအကွာမှ လွတ်မြောက်သွားပြီ ဖြစ်သည်။

မေ့ရှစ်စန်းသည် စုယန်၏ရည်ရွယ်ချက်ကို နားမလည် သော်လည်း သူသည် အမိန့်ကို နာခံခဲ့ပြီး အခြား ပန်းလက်ထောက်တစ်ဦးနှင့် ပူးပေါင်းကာ ရွှီယွင်ကျန်အား ပိတ်ဆို့ထားလေသည်။

ရွှီယွင်ကျန်းသည် ထိုနှစ်ယောက်အား ကျော်ဖြတ်ပြီး စုယန်နောက်သို့ အမီလိုက်ချင်သော်လည်း မိစ္ဆာဂိုဏ်းမှ ပန်းလက်ထောက်နှစ်ယောက်၏ သိုင်းပညာမှာ အလွန် မြင့်မားသောကြောင့် သူတို့အား မကျော်ဖြတ်နိုင်ခဲ့ပေ။

ကုဖေးတိ၏ မျက်နှာမှာ မည်းမှောင်လာပြီး လေးလေးနက်နက် ပြောလိုက်၏။

"ငါ့တာဝန်ထားလိုက်.. ငါ သူ့နောက်ကို လိုက်သွားမယ်!"

ကုဖေးတိသည် ရွှီယွင်ကျန်း၏အဖြေကို မစောင့်တော့ဘဲ စုယန်၏နောက်သို့ ချက်ချင်း ပြေးလိုက်သွားလေသည်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now