"မင်းသမီးလယ်ရိုကဆန္ဒရှိပါ့မလား....."

လယ်ရိုဟာတကယ်ဆန္ဒမရှိပေ။သူမရဲ့ဂုဏ်ယူစရာပွဲမှာလူမမာတစ်ယောက်ကိုနမိတ်မရှိနမာမရှိခန်းမထဲခေါ်လာဖို့ဆိုသည်မှာအရမ်းစက်ဆုပ်စရာကောင်းလွန်းသည်။သို့ပေမယ့်......

သူမသာကုသပေးနိုင်ရင်လူတိုင်းရဲ့စိတ်ထဲမှာသူမရဲ့ပုံရိပ်ကမြင့်မြတ်သထက်မြင့်မြတ်သွားနိုင်သည်။သူမရဲ့အသုံးမကျတဲ့အစ်ကိုကိုအေးအေးဆေးဆေးနင်းချေပြစ်လိုက်လို့ရနိုင်ချေရှိသည်။

သူမကဘောတူလိုက်ရန်ပြင်လိုက်ချိန်မှာပဲရှောင်ကျန့်ကအမူအရာမဲ့သည့်မျက်နှာထားဖြင့်ဝင်ရောက်ဆိုလာသည်။

"အဆင်ပြေပါ့မလား....ကျွန်တော့်အထင်ဒီလိုဂုဏ်ပြုပွဲမှာ......"

"အစ်ကိုဝင်ပြောစရာမလိုပါဘူး"

ဇာတ်လိုက်မရဲ့မျက်နှာဟာအနည်းငယ်ရုပ်ဆိုးအကျည်းတန်နေပြီးရှောင်ကျန့်ရဲ့ဝင်ရောက်ကန့်ကွက်မှုကိုမကျေမနပ်ဖြင့်အော်ငေါက်လိုက်သည်။

ပတ်ဝန်းကျင်ဟာတိတ်ဆိတ်သွားပြီးလေထုဟာတင်းမာသွားသည်။လယ်ရိုရဲ့လုပ်ရပ်ကလွန်စွာရိုင်းစိုင်းလွန်းသည်။လူတိုင်းဟာစိတ်ထဲခုပြီးသဘောမကျဖြစ်သွားကြပေမယ့်လယ်ရိုရဲ့စွမ်းအားကြောင့်တိတ်ဆိတ်နေလိုက်ကြရုံသာတတ်နိုင်သည်။

တစ်ချိန်ထဲမှာပဲဘုရင်မင်းမြတ်အန်ဒီဟာမျက်မှောင်ကြုတ်လိုက်ရင်းရိုင်နယ်တေးထံ၌သတ်ဖြတ်ချင်သည့်အငွေ့အသက်တွေထောင်းကနဲထွက်ပေါ်လာသည်။

အော်တယ်.....သူ့ဇနီးလေးကိုအော်တယ်....ဒီလိုတိရစ္ဆာန်မျိုးကသေသင့်တယ်.....ရက်ရက်စက်စက်အသေဆိုးနဲ့ကိုသေသင့်တယ်.....

ရိုင်နယ်တေး၏မျက်နှာဖုံးနောက်ကွယ်ရှိမျက်လုံးတွေဟာနီရဲသထက်နီရဲလာပြီးသူ့တင်းတင်းဆုပ်ထားသည့်လက်သီးထက်တွင်ပေါက်ကွဲထွက်တော့မတတ်သွေးကြောတွေတောင်တွေ့မြင်နေရသည်။ဤသည်ကိုကြည့်ခြင်းအားဖြင့်သူဘယ်လောက်ထိဒေါသထွက်ပြီးလူသတ်ချင်နေမှန်းသိသာသည်။

သို့သော်ရှောင်ကျန့်ဟာရိုင်နယ်တေး၏လက်သီးဆုပ်ပေါတွင်သူ့လက်သွယ်သွယ်လေးတွေနဲ့ဖွဖွလေးပုတ်ရင်းငြိမ်ငြိမ်နေဖို့သတိပေးလိုက်သည်။သူ့ဇနီးလေးရဲ့စကားမှန်သမျှကိုမလွန်ဆန်နိုင်တဲ့ရိုင်နယ်တေးဟာသူ့ရဲ့တစ်စစီအပိုင်းပိုင်းဖြတ်ကာသတ်ဖြတ်ချင်စိတ်ကိုအတင်းအကြပ်ထိန်းချုပ်လိုက်ရသည်။

system 091 Where stories live. Discover now