ဆူညံနေသည့်လူအုပ်နှင့်ဆန့်ကျင်စွာတစ်ဖက်တွင်ယောက်ျားလေးအုပ်စုတစ်စုသာငြိမ်သက်စွာရှိနေသည်။ထိုအုပ်စုမှာဂျိတ်ခ်၊ရိန်း၊ဝူလစ်စ်၊ဖေးလ်နဲ့မေးလ်၊နတ်ဆရာဇိုင်းလစ်ခ်နဲ့အောစတတ်တို့သာဖြစ်ကြသည်။တနည်းဆိုရရင်ယခုကမ္ဘာရဲ့ဇာတ်လိုက်ငါးယောက်နှင့်အခြားအရေးကြီးဇာတ်ကောင်နှစ်ခုတို့တစ်ပြိုင်တည်းဆုံနေကြခြင်းဖြစ်သည်။

အနီရောင်ဆံပင်တိုနဲ့ရိန်းကသူ့ရဲ့မျက်မှန်ကိုတစ်ချက်လောက်ပင့်မလိုက်ရင်းရယ်မောချင်သည့်မျက်ဝန်းတွေဖြင့်အောစတတ်ကိုကြည့်လိုက်သည်။

"အောစတတ်.....မင်းလယ်ရိုအနားကပ်မနေတော့ဘူးလား...."

အောစတတ်ကသူ့ရဲ့အနီရောင်မျက်ဝန်းတွေဖြင့်လယ်ရိုကိုတစ်ချက်လောက်စောင်းငဲ့ကြည့်လိုက်ရင်းအထင်သေးရွံရှာစွာနှာခေါင်းရှုံ့လိုက်သည်။

သူပထမတွင်လယ်ရိုကိုစိတ်ဝင်စားခဲ့သည်မှာအမှန်သာဖြစ်သည်။သို့သော်ထိုနေ့အဖြစ်အပျက်ပြီးကတည်းကသူမရဲ့မောက်မာဝင့်ကြွားမာနကြီးသည့်ရွံစရာစိတ်ဓာတ်ကပေါ်ပေါက်လာသည်။သူ့ဘဝတွင်ထိုသို့သောမိန်းမမျိုးကိုအရွံရှာဆုံးဖြစ်ပြီးသူမရဲ့ဖုံးကွယ်ထားသည့်မျက်နှာကိုစောစီးစွာမြင်တွေ့ခဲ့ရသည်ကပဲကံကောင်းသည်ဟုဆိုရမည်ဖြစ်သည်။

မတိုင်မီအချိန်တွေတုန်းကသူမဟာသူ့ကိုသူမနဲ့အတူတူအိပ်ဖို့ရန်ဖိအားပေးမြူစွယ်လိုက်သေးသည်။ထိုအချိန်တည်းကသူ့ရဲ့ရွံရှာမှုမှာအမြင့်ဆုံးထိတိုးမြင့်သွားပြီးမြင်ချင်၊တွေ့ချင်စိတ်ပင်မရှိတော့ချေ။

"ဟမ့်....အရင်တုန်းကငါသူမကိုမျက်စိကျသွားတာရူးနေလို့ပဲ....အခုတော့ရှင်းရှင်းလင်းလင်းကြီးကိုအသိတရားရသွားပြီ"

အောစတတ်၏ပုခုံးတွန့်ရင်းပြောလိုက်သည့်စကားကိုအကုန်လုံးကလက်မထောင်ရင်းထောက်ခံလိုက်သည်။

ကြည့်ရတာဒီကောင်တကယ်အသိတရားရသွားပြီပဲ......

"မင်းသမီးလယ်ရို.....မင်းရဲ့အစ်ကိုကအခုထိရောက်မလာသေးဘူးလား"

မျိုးနွယ်စုတစ်ခု၏မင်းသားတစ်​ပါးဟာလယ်ရိုကိုကြည့်ရင်းမေးလာသည်။

system 091 Where stories live. Discover now