စကားစကို ဆက်ကာမပြောဘဲ Sky မေးကိုပွတ်ကာတွေးနေဟန်ပင်။

" အင်း နှစ်ပတ်မကတော့ဘူး သုံးပတ်၊ လေးပတ်နား နီးနီး နေပါဦး ‌တစ်လတောင်ကျော်နေပြီပဲ "

ရောက်ကတည်းက ဘာစကားမှ ဝင်မပြောဘဲ ငြိမ်နေသည့် Zero ပင် Sky ရဲ့ ရက်အရေအတွက် သတ်မှတ်ချက်ကြောင့်

" ဟေ့ကောင်ရေ မင်းညံ့ချက်ပဲ တစ်လတောင်ရှိနေပြီ ဘာမှ မဘာရသေးဘူးလား။ မင်း အာခီ ဟုတ်ပါတယ်နော် "

ဆိုပြီး ဝေဖန်ရလေတော့သည်။

" ခွေးကောင်တွေ တော်ကြပါတော့။ မင်းတို့ ပြောမှ ငါလည်း ရစရာကိုမရှိတော့ဘူး။ အရက်လည်းတိုက်ရသေးတယ် စောက်ပြောလည်းခံရသေးတယ် "

အာခီ မျက်မှောင်ကြုတ်ကာ လေသံမာမာနဲ့ ပြန်ဆဲလိုက်မှ ရယ်နေတဲ့ သုံးယောက်သား ငြိမ်ကျသွားသည်။

" Lyric ...."

တစ်ခွန်းတည်း ဆိုလိုက်သော နာမည်စ။

" အဲကောင်လေးနာမည်က Lyric လား "

မသေချာမှုများ ခိုအောင်းနေသည့် အာခီရဲ့ အမေး။

" Article Music Band က Drummer Lyric က Fan girl တွေကြားမှာ ဒီလောက် celebrate ဖြစ်တာ ... မင်းဒါလေးတောင်မသိဘူးလား "

" မသိဘူး "

ရိုးရိုးရှင်းရှင်း အဖြေပင်။

" Instagram လေး ဘာလေး ဖွင့်ကြည့်ဦး
မင်းလိုက်နေတဲ့ဘဲက Followers 1M နီးနီးရှိတာနော် "

" စိတ်မဝင်စားဘူး "

ဟန်ဆောင်နေပုံက မပီမသ။

" စိတ်မဝင်စားရင် ဘာလို့ တစ်လလလုံးလုံး အပင်ပန်းခံပြီး လိုက်နေတာလဲ "

" အချိန်ပိုနေလို့ "

မေးခွန်းတိုင်းအတွက် အဖြေက ပေါ့ပျက်ပျက်ပင်။

" ဟေ့ကောင် ငါတို့တော့ အချိန်မပိုဘူး မနက်ဖြန် presentation ရှိတယ် ပြန်တော့မယ် "

Sky ထရပ်လိုက်တော့ Zero နဲ့ Gray လည်း ထရန်ပြင်ကြ‌သည်။

" ဟေး နေဦး အခုမှ 12 ပဲရှိသေးတာလေကွာ
မင်းတို့က ဘာတွေလောနေတာလဲ "

" အိပ်ရေးဝနေမှ မနက်ဖြန် တက်ကြွလန်းဆန်းနေမှာ "

" ငါတိုက်ပါမယ်ဆို ခဏ ထိုင်ပါဦး "

Lyric Of My Heart Beat || U+ZWhere stories live. Discover now