10

662 36 9
                                    

အခန်းထဲလူရှိမရှိ သိနိုင်ရန်အလို့ငှာ အခန်းတံခါကို ဆက်တိုက်ခေါက်ရန်ပင်မလို။ တခြိမ်းခြိမ်းထွက်ပေါ်နေသော Drum သံကြောင့် ကောင်ငယ်လေးရှိနေကြောင်းသိသာနေသည်။

အာခီ အခန်းထဲ မဝင်ခင် အာရုံစူးစိုက်ကာ နားဆင်ကြည့်တော့ Lyric သည် BTS ရဲ့ Mic Drop သီချင်းကို Drum cover ပြန်တီးနေခြင်းပင်။

သို့ဖြစ်၍လည်း သူ့ခန်းထဲမှာ ဒုန်းဒုန်းဒိုင်းဒိုင်းဖြင့် တက်ကြွကာ အသံဗလံများ ဆူညံနေခြင်းဖြစ်သည်။ သဘောကျကာ ပြုံးမိသည်။ အနှီကောင်လေး Drum ကို အာရုံစိုက်‌တီးနေလျှင် အာခီ လွှတ်သဘောကျသကိုး။

အနှောင့်အယှက်ဖြစ်မည်စိုးပြန်တော့ တံခါးကို ခေါက်မနေ။ ခပ်ဖွဖွလေးဆွဲဖွင့်ကာ ခြေသံခပ်ဖွဖွနင်းရင်း ဝင်မိသည်။

ကျောင်းယူနီဖောင်း အဖြူရောင်ရှပ်အင်္ကျီလက်ကို လက်ဖျံတို့ အလယ်နားအထိ ရောက်အောက် လိပ်တင်ထားသေးသည်။ ရင်ဖတ်ကြယ်သီးတို့ကတော့ သူ့ပင်ကိုယ် idea များလားမသိ။ Lyric သည်အမြဲတမ်း ကြယ်သီးလေးလုံးဖြုတ်ထားတတ်သည်။

သူ့ခမျာ ခေါင်းကို အပေါ်ထောင်လိုက် အောက်ယိမ်းလိုက်နဲ့ ဂီတထဲ စီးမျောနေရှာသည်မို့ အခန်းထဲ ဝင်လာသူကိုပင် အာရုံစိုက်မိပုံမပေါ်။ အာခီ မနှောင်ယှက်ချင်တော့ အသာငြိမ်ရင်း ရပ်နားထောင်မိသည်။

ထို့အပြင် သူကိုယ်တိုင်ပါ ထို ကောင်လေးရဲ့ Drum စီးချက်ထဲ နစ်ကာပျော်ဝင်သွားရသည်မို့ အသက်ရှူဖို့ နဲ့ မျက်တောင်ခတ်ဖို့ကိုတောင် မေ့‌ရသည်အထိပင်။

သိပ်မကြာလိုက်။ Drum ကို ရပ်လိုက်ပြီး အာခီ့ကို Drum Sticks နဲ့ လှမ်း ဝေ့ယမ်းပြသည်။ မေးကိုလည်းငေါ့လိုက်သေး။

" ဘာလဲ " ဆိုတဲ့ မေးခွန်းကို တိတ်တိတ်ကလေးမေးနေပုံပင်။

" Lyric "

အာခီ သည် Lyric ကို မျက်နှာ သေဖြင့် စိုက်ကြည့်သည်။ အပြုံးအရယ်မရှိ။ သူ့ပုံစံက တခုခုမှာ နစ်မွန်းသွားလို့ ရုန်းထွက်ရခက်နေပုံပင်။

အနား တိုးတိုးကပ်သွားပြီး နံဘေးတွင် ကပ်ကာရပ်ပြန်ပြီး

" ကိုယ် မင်းကို ပိုင်ဆိုင်ချင်လွန်းလို့ ငိုမိမတတ်ပဲ Lyric . တခြားကောင်မလေးတွေလည်း မင်းရဲ့ Drum စီးချက်တွေကြားမှာ ရစ်မူးမိသွားကြရင် ကိုယ့်လိုပဲ မင်းကိုပိုင်ဆိုင်လိုစိတ်တွေ ကြီးစိုးမိကြတာလား "

Lyric Of My Heart Beat || U+ZWhere stories live. Discover now