အနက်ရှိုင်းဆုံး သမုဒ္ဒရာကြီးမှာ အဆုံးသတ်ဖြစ်တဲ့ အောက်ခြေကြမ်းပြင်ရှိသလို အမြင့်ဆုံးဖြစ်တဲ့ တောင်မှာလည်း အဆုံးသတ်ဖြစ်တဲ့ တောင်ထိပ်ရှိတယ်တဲ့။
ဒါဆို မျဉ်းပြိုင်တွေရဲ့ အဆုံးသတ်နဲ့ နှစ်လိုဖွယ်ရှိတဲ့ ခုနစ်လွှာရောင် သက်တံရဲ့ အနားသတ်က ဘယ်နေရာမှာ တည်ရှိနေနိုင်မလဲ။
ကျွန်တော် သက်တံတွေရဲ့ အနားသတ်ဆီရောက်နိုင်ဖို့ မျက်စိစုံမှိတ်ရင်း လမ်းလျှောက်သွားခဲ့ဖူးတယ်။ ဘာကြောင့်များ သူဟာ သူ့ဆီရောက်အောင်ကြိုးစားပြီးသွားနေတဲ့ ကျွန်တော့်ဆီကနေ ဝေးသည်ထက်ပိုဝေးအောင် ရှောင်ပြေးသွားလဲ။
ဒီလိုအတွေးမျိုးဝင်နေတဲ့ ကျွန်တော်က ကလေးဆန်ပြီး ရယ်စရာများကောင်းနေမလား။
အချစ်ဆိုတဲ့ အရာမှာတော့ အဆုံးသတ်မရှိဘူးလို့ ပြောကြတယ်။ ကိုယ်မဖိတ်ခေါ်ဘဲ ချစ်ပါတယ်ဆိုပြီးအနားရောက်လာခဲ့တဲ့ လူတချို့က ကိုယ်တမြတ်တနိုးနဲ့ ဖမ်းဆုပ်ခါနီးမှ အဝေးထွက်ပြေးသွားတယ်ဆိုရင်ရော။ အဲတာကို အဆုံးမရှိတဲ့ အချစ်လို့ သတ်မှတ်လို့ရလား။
အမြဲတမ်း ခေါင်းထဲမှာ မဖြေသာတဲ့ တချို့အဖြစ်အပျက်တွေအတွက် သင့်တော်တဲ့အဖြေမျိုးရအောင် နေ့နေ့ညည ကျွန်တော် ကြိုးစားပြီး ရှာဖွေနေမိခဲ့တယ်။
လွန်ခဲ့တဲ့ လေးနှစ်ကျော်က အဖြစ်အပျက်တွေကို အခဲမကျေနိုင်ဘဲ ဟိုတွေးသည်တွေး တွေးနေတာမျိုးတော့မဟုတ်ပါဘူး။ ကျွန်တော်ချစ်မိသွားမှ ဖမ်းဆုပ်ခွင့်မရလိုက်လို့ နည်းနည်းပါးပါး နာကျင်မိရုံပါ။
ပျောက်ဆုံးသွားအောင် တမင်မေ့ပစ်ခဲ့တဲ့ လွန်ခဲ့တဲ့လေးနှစ်ကျော်က ကျွန်တော့်မှတ်ဉာဏ်တွေထဲမှာ သူ့ကိုပဲ အမြဲတမ်းပြန်မြင်ယောင်နေခဲ့ရတယ်။
ခဏတာအတူရှိချိန်က မျက်တောင်တစ်ခါခတ်မျှ
လောက် အချိန်ကလေး အတွင်းမှာ ပျောက်ကွယ်သွားခဲ့တာလေ။ ကျွန်တော် ဘယ်လိုမေ့လို့ရမှာလဲ။တွန့်ကြေနေတဲ့ အဖြူရောင် အိပ်ရာခင်းစတွေအပေါ်မှာ ကျွန်တော်တို့ရဲ့ ပုံရိပ်တွေကို ပြန်မြင်တိုင်း ကျွန်တော် သူ့ကို မပိုင်ဆိုင်ခဲ့ဘူးဆိုတာကို သေသေချာချာသိလာခဲ့ရတယ်။

YOU ARE READING
Lyric Of My Heart Beat || U+Z
RomanceOne-night stand ကောင်လေး နဲ့ Bar မှာ Drum တီးတဲ့ ကောင်လေး တို့ရဲ့ Love Story. 22.3.2022