17

97 6 1
                                    

အချိန်သည်ကား မနက်ကျောင်းသွားချိန် ဖြစ်သည်။

အာခီသည် အခန်းတံခါးအဝတွင် ကုန်းကုန်းကွကွဖြင့် ဖိနပ်ကိစ္စနှင့် အလုပ်ရှုပ်နေသည့် Lyric အရှေ့၌ ဆောင့်ကြောင့်ထိုင်ချပြီးလျှင်

“ ပေး ကိုယ်လုပ်ပေးမယ် ”

ဟုဆိုကာ Lyric ၏‌စွတ်လက်စ ခြေအိတ်အား ဆွဲယူ၍ စွတ်ပေးသည်။

“ ဒါ ဘာဖြစ်တာလဲ Lyric ”

အမာရွတ်ကင်းစင်ကာ ဖွေးဥနေသည့် Lyric ခြေတောက်ပေါ်မှ ထူးထူးဆန်းဆန်း ဒဏ်ရာကြောင့် အာခီမျက်လုံးပြူးမိသည်။

Lyric ၏ ဘယ်ဖက်ခြေချင်းဝတ်အပေါ်မှ ဒဏ်ရာ အား လက်မဖြင့် ခပ်ဖွဖွ ပွတ်သတ်၍ ဂရုဏာသက်ရပြန်သည်။

“ဆိုင်ကယ် accident ဖြစ်ပြီး အမာရွတ်ကျန်ခဲ့တာ”

“ ဘယ်တုန်းကလဲ ကိုယ်အခုမှမြင်တယ်”

“အသက် ၁၄ နှစ်ကတည်းကပါ။ ဆိုင်ကယ် ခိုးစီးပြီး မတော်တာဆဖြစ်တာ။ အိမ်ကလူကြီးတွေကိုလည်း မပြောပြရဲဘူး။ ဆေးလည်းမလိမ်းဘူးဆိုတော့အခုထိအမာရွတ်ကျန်နေခဲ့တာ”

“ကလေးဘဝကတည်းက ဆိုးလိုက်တဲ့ ကောင်ကလေး ”

ခြေအိတ် အား ဝတ်ပေးပြီးနောက် ခပ်ဖွဖွကလေး ပွတ်သတ်ပေးသည်။ ထို့နောက် အဆင်သင့်စီးရန် နံဘေး၌ ချထားသည့် ဖိနပ်ကို ယူကာ အသာအယာပင် ဝတ်ပေးလေသည်။

“ ရှူးဖိနပ်အမည်းလေးရယ် ကျောင်းယူနီဖောင်း အမည်းရောင် pants လေးရယ်နဲ့ ကိုယ့်ကောင်လေးက ကြည့်ကောင်းနေရောပဲ ကွယ် ”

ဖိနပ်အား စိုက်ကာကြည့်နေရင်းမှသည် သူ့အား ငုံ့ကြည့်နေသည့် မျက်လုံး တစ်စုံထံ အာခီ့ အကြည့်များ လွှဲလိုက်သည်။

“ necktie လေးနဲ့ ယူနီဖောင်း အဖြူလေးရောပဲ အရမ်း ကြည့်ကောင်းတယ်။ အဲမို့လည်း ကောင်မလေးတွေဝိုင်းကြိုက်ကြတာထင်တယ် ”

“ လူကို ဘာတွေ လာပြောနေတာလဲ
ဘာတစ်ခုမှ နားမလည်ဘူး ”

လက်နှစ်ဖက်အား ပိုက်လိုက်ပြီး မျက်နှာအား အာခီနှင့်ဝေးရာ မြင်ကွင်းများထံ အရောက်ပို့လိုက်သည်။

Lyric Of My Heart Beat || U+ZWaar verhalen tot leven komen. Ontdek het nu