6

441 30 13
                                    

ည ၉နာရီ သည် ရန်ကုန်မြို့ကဲ့သို့ လူနေထူထပ်သော ဒေသ တစ်ခု အတွက် စည်ကားနေဆဲ အချိန်ပင်။

လူခြေတိတ်နိုင်ဖို့ အလွန်ခဲ့ယဉ်းသည့် မြို့လယ်ခေါင်တစ်နေရာမှ အမျိုးသား အဆောင်တွင် အုပ်စုဖွဲ့ကာ ဂီတာတီးသူကတီး စာကျက်သူက ကျက်နှင့် အသံဗလံမျိုးစုံ ထွက်နေသည်။

ယနေ့ က တနင်္လာနေ့ဖြစ်သဖြင့် Lyric သည် Bar သို့မသွား။

တစ်ပတ်တာ ကာလအတွင်း သူ ဖွထားတဲ့ အမှိုက်ခြောက်တွေကို ကြွပ်ကြွပ်အိတ်ထဲ ထည့်သိမ်းခြင်းအလုပ်ကို ရေမချိုးခင်ပြီးအောင်လုပ်ရသည်။

အိပ်ရာဝင်ခါနီးမှ ရေချိုးတတ်သူ ပီပီ လောလောလပ်လပ် ပင် သူ့ခန္ဓာကိုယ်ဖွေးဖွေး၌ ရေချိုးဆပ်ပြာ အနံ့ ခပ်သင်းသင်းက စွဲကျန်လျက်သား။

ယောက်ျားသားပီပီ ခေါင်းကို ‌မလျှော်တဲ့ ရက်ကမရှိ။ ရေကို တဝီးဝီးတဝေါဝေါဖြင့် ခေါင်းပေါ်ကနေသာလောင်းချိုးတတ်သူပင်။

ရေချိုးပြီးနောက်မှာတော့ ခေါင်းကိုပင်စင်အောင်မသုတ်။ အမှိုက်ပစ်ဖို့ အတွက်‌သူလောနေသည်မို့ ဝတ်နေကျ ပေါ့ပေါ့ပါးပါး အင်္ကျီ နဲ့ဘောင်းဘီကို ခပ်သွက်သွက်ထုတ်ယူဖြစ်သည်။

သူရွေးကာ ထုတ်ဝတ်ဖြစ်တဲ့ စပို့ရှပ် လက်ပြတ် အနက်ရောင် သည် သူ့လည်တိုင်ဖွေးဖွေးကို ထင်းခနဲ ပေါ်လွင်စေသည်။ နောက်ပြီး Drummer ပီပီ လက်မောင်းကြွက်သားများ ကလည်း ထင်းခနဲပါပဲ။ တမင်တကာပင် လက်ပြတ်တွေချည်းရွေးဝတ်နေသလားဟု ထင်ရက်စရာပင်။ ဒါတွေကြောင့်လည်း အမျိုးသမီးတွေကြား သူ့သတင်းက မွှေးနေခြင်းဖြစ်မည်။

‌short pan အနက်ရောင်ကြောင့် ပေါင်သားများ၏ ဖွေးဥနေမှုကို မမြင်ချင်လည်း မြင်နေရသည်။ တခြား အရွယ်ရောက်ပြီးသား အမျိုးသားများကဲ့သို့ ခြေသလုံးမွှေးတွေ သူ လိုချင်သော်လည်း အသက် ၂၀ ပြည့်ခါနီးအထိပြောင်ချောနေဆဲမို့ ထပ်မမျှော်လင့်ဖြစ်တော့ပေ။

စီးကရက် တစ်လိပ်ကိုတော့ အမှိုက်သွားပစ်မယ့် အချိန်မှာတောင် သောက်ဖို့ သူမမေ့။ ၁၉ နှစ်အရွယ်ကောင်လေးက စီးကရက်ကို ဆယ်ကျော်သက် နည်းနည်း စွံကတည်းက စသောက်ခဲ့တာမျိုးပါ။

Lyric Of My Heart Beat || U+ZWhere stories live. Discover now