16

114 6 0
                                    

Shopping Center ထဲ နှစ်ယောက်အတူယှဉ်ကာ လမ်းလျှောက်သွားနေပါသော်လည်း Lyric သတိထားလိုက်မိစဉ်၌ပင် အနောက်၌ကျန်ခဲ့သော အာခီကြောင့် ပြန်လှည့်ကြည့်ရပြန်သည်။

လက်ဝတ်လက်စားများအပြည့်ထည့်ထားသည့် ‌မှန်လှောင်အိမ်အား ခါးကိုကိုင်၍ ငုံ့ကာ ကြည့်နေသူကား အာခီပင်။

ဝါဖြူဖြူမီးရောင်ထွန်းထွန်းတောက်တောက်တို့သည် မှန်အိမ်ထဲမှ လက်ဝတ်လက်စားများအား ပို၍တောက်ပစေရန် ကူညီအားဖြည့်နေသဖြင့် အာခီ့အကြည့်များက ရပ်တန့်၍မရ။

“ သဘောကျလို့လား ”

Lyric အာခီ့နံဘေး ကပ်ကာ ငုံ့ကြည့်ရင်းမေးသည်။

“ ဒုတိယလိုင်းက ငါးခုမြောက် bracelet လေး ကိုယ်သဘောကျလို့ ”

“ ဒီဟာလေးလား ”

Lyric လက်ညှိုးညွှန်ပြတော့ အာခီက ခေါင်းတဆတ်ဆတ်ငြိမ့်ကာဖြေသည်။

“ အင်း ...”

“ မောင်လေးတို့ အစမ်းဝတ်ကြည့်လို့ရတယ်နော် ”

ဝန်ထမ်း အမျိုးသမီးလေး၏ စကားချိုချိုကြောင့် အာခီပို၍ပင် ဝယ်လိုစိတ်များ ပြင်းထန်လာရသည်။

“ ကျွန်တော့်ကို ဒီ bracelet လေး ပြပါ
အစမ်းဝတ်ကြည့်ချင်လို့ ”

အာခီ့စကား အဆုံး၌ပင် ဝန်ထမ်းအမျိုးသမီလေးက အာခီသဘောကျသည့် bracelet ကို ထုတ်လာပေးသည်။

“ Lyric ... ”

အာခီသည် သွေးကြောစိမ်းဖန့်ဖန့်ကလေးများ ပြေးလွှားထွေးယှက်၍ ဖွေးကာနုနေသည့် လက်ချောင်းသွယ်သွယ်တို့ဖြင့်တန်ဆာဆင်ထားသော Lyric ၏ လက်ကောက်ဝတ်အား ဆက်ခနဲပင်ဆွဲလိုက်သည်။

ပလက်တီနမ် bracelet အား ထည်ဝါဝင့်ကြွားကာပင် နေရာပေးသည်။

“ ခင်ဗျား ... ကိုယ့်ဟာကိုယ်မဝတ်ကြည့်ဘဲနဲ့ ”

“ ကိုယ့်အတွက်မှ မဟုတ်တာ ”

“ ဘယ်သူ့ကိုဝယ်ပေးချင်လို့လဲ ”

“ ကိုယ့်ကောင်လေးကိုပေါ့ ”

Platinum Bracelet ‌အသစ်စက်စက်ကလေးဖြင့် Lyric လက်ဖွေးဖွေးသည် ဆွဲဆောင်မှုအလွန်ပင်ရှိလွန်းလှသည်။

Lyric Of My Heart Beat || U+ZUnde poveștirile trăiesc. Descoperă acum