4

532 31 21
                                    

" စာမေးပွဲက ဒီလောက်နီးနေကပ်နေတာတောင် အာခီဟီကို တို့က ပျော်နိုင်ပါးနိုင် သောက်နိုင်စားနိုင် ကုတင်ပေါ်တက်နိုင်သေးတယ်နော် အံ့ဩပါ့ "

အာခီရဲ့ အသည်းအသန်ဖုန်းဆက်ကာ ခေါ်လိုက်ခြင်းကြောင့် Gray နဲ့ Sky အပြင် Zero ပါ Bar သို့ လိုက်လာရခြင်းဖြစ်သည်။

အာခီကတော့ သူတို့နှစ်ယောက်ရဲ့ စနောက် သရော်စကားကို အရေးမစိုက်။ သူ့လက်ထဲကိုင်ထားတဲ့ ခွက်ထဲမှ လက်ကျန်အရက်ကိုသာ တငုံချင်း အရသာခံသောက်နေလေသည်။

" Bar မှာ ဘာလာလုပ်တာတုန်း ဆရာအာခီ "

" သောက်မှာသာသောက်စမ်းပါ နားဒုက္ခမပေးကြပါနဲ့ "

ရောက်လာကတည်းက တတွတ်တွတ်နဲ့ မနားတမ်း ပွားနေတဲ့ Sky နဲ့ Gray ကို အာခီစိတ်မရှည်နိုင်တော့ပေ။

" ဟိုတနေ့က အထိုးခံလိုက်ရလို့ Depression ဝင်နေတာမလား "

" အဟက် .. မင်း သွားသွားမစနဲ့ ငါရယ်ချင်တယ် "

သူငယ်ချင်းဖြစ်သူနှစ်ယောက်က ခိုးခိုးခစ်ခစ်ရယ်ကာ လှောင်သည်။ တမင်တကာ မခံမရပ်နိုင်အောင် စနေခြင်းသာ။

" မင်းတို့ မြင်လိုက်လား "

အာခီ အရက်ခွက်ကို စားပွဲပေါ်တင်ပြီး နှစ်ယောက်သားအား စိုက်ကြည့်ကာမေးသည်။

" ငါတို့က မင်းရဲ့ သမိုင်းဝင်စော်ချုပ်နည်း ဘဲချုပ်‌နည်းတွေကို လက်တွေ့ကျကျလေ့လာဖို့ဆိုပြီး မင်းအနောက်လိုက်လာတာ ဒါပေမယ့် ငါတို့ တွေ့လိုက်ရတာက လက်သီး "

Sky ရဲ့ ဖြေရှင်းချက် ကို သူ သေသေချာချာ နားထောင်နေဆဲမှာပင်

" အထိုးခံလိုက်ရပြီး ကုတင်ပေါ်ကို ရောက်ရော ရောက်သွားရဲ့လား "

Gray က တစ်ခုခုကို သဘောပေါက်သွားဟန်နဲ့ မေးခွန်းထုတ်သည်။

" မရောက်သေးဘူး ရောက်အောင်လုပ်မှာ ငါက "

မျက်နှာ တစ်ချက်ပျက်သွားပေမယ့် မချိတင်ကဲ ပြုံးရိပ်ပြုံးယောင်တို့ကတော့ သူ့မျက်နှာပေါ်မှာ ခိုကပ်နေဆဲ။

" ကိုယ့်လူ ထူးဆန်းလှချည်လား ခါတိုင်းဆို ဝင်တိုက်မိရုံနဲ့တင် မင်းကုတင်ပေါ်ရောက်ကုန်ကြတာလေ။ ဒီကောင်လေးနဲ့ ကျမှ တစ်ပတ် ၊ နှစ်ပတ် "

Lyric Of My Heart Beat || U+ZWhere stories live. Discover now