" ကျွန်တော် ဂီတ အသင်းထဲဝင်ချင်လို့ပါ
လူပြည့်သွားပြီလား ဗျ "ဂီတအသင်း၏ လေ့ကျင့်ရေးဆိုင်ရာ အခန်းထဲရှိ နေရာတကျ သတ်မှတ်ထားသော ကျွန်းစားပွဲတွင် ဝိုင်းကာထိုင်နေကြသော အသင်းဝင်များ၏ အကြည့်သည် ထိုအသံပိုင်ရှင်ထံ ကပ်ငြိသွားကြလေသည်။
ချိုချိုသာသာအသံနေအသံထားမဟုတ်သော်လည်း ယောက်ျားဆန်နေသည်မို့ သူ့ခြေရင်း၌ ပြားပြားဝပ်ချင်စရာကောင်းလွန်းသော အသံနေအသံထားမျိုးဖြစ်သည်။
" ဝင်ခဲ့မယ်နော် "
သူ့ခွင့်တောင်း စကား သည် အသိပေးရုံသက်သက်မျှသာ။ အခန်းထဲ ထိုင်နေသူများသည်ပင် ခွင့်ပြုကြောင်း အကြောင်းမပြန်ကြားသေးခင်မှာပင် ထိုလူက အခန်းထဲရောက်နှင့်နေပြီးသားဖြစ်သည်။
စတိုင်ဘောင်းဘီ အနက်ရောင်သည် သူဝတ်ထားတဲ့ အဖြူရောင် ရှပ်အင်္ကျီ လက်ရှည် နဲ့ စည်းစနစ်ကျနစွာ သေသပ်လျက်။ neck tie အနက်ရောင်သည် သူ့အား အစစအရာရာ ပြည့်စုံနေအောင် ပံ့ပိုးနေသယောင်။
ကျောင်း ယူနီဖောင်းကိုပင် လူတကာထက်ပို၍ ကြည့်ကောင်းအောင် ဝတ်နိုင်သည့် ထိုလူ၏အရည်အချင်းသည် အပြည့်အဝချီးကျူးဂုဏ်မြောက်ခြင်းကို ခံယူထိုက်လောက်သည်။
" ဟုတ်ကဲ့ အသင်းဝင်လို့ရပါသေးတယ် "
အသင်းခေါင်းဆောင်၏ လက်ခံစကား အနောက်တွင်
" မရဘူး မဝင်ရဘူး လူပြည့်ပြီ "
ဟူသည့် Lyric ရဲ့ ငြင်းပယ်စကားခပ်ဝဲဝဲက တစ်ဆက်တည်းကပ်ပါလာသည်။
ထိုအခါမှ အားလုံးရဲ့ အကြည့်သည် ကနဦး လူဆီကနေ ခွာကြကာ Lyric ထံ တအံ့တဩနှင့် ဆိုက် ရောက်လာတော့သည်။
" ဘာဖြစ်လို့လဲ Lyric ...
ငါတို့အသင်းမှာလူမပြည့်သေးဘူးလေ "" မရဘူး သူ့ကို လက်မခံဘူး "
Lyric အသည်းအသန်ငြင်းကာ ခေါင်းခါယမ်းပစ်သည်။
သူ့ရဲ့ အမူအယာကြောင့် အာခီဟီကို ဟက်ခနဲ ပင် ရယ်မိသွားသေးသည်။
" လူပြည့်ပြီ ခင်ဗျားမဝင်ရဘူး "
Lyric ရဲ့ ငြင်းဆန်စကားကြောင့် အာခီလည်း Lyric အရှေ့ရှိလွတ်နေသော ခုံတွင်ဝင်ထိုင်လိုက်ပြီးမေးထောက်လျက်သားနဲ့ စိုက်ကြည့်ကာ

YOU ARE READING
Lyric Of My Heart Beat || U+Z
RomanceOne-night stand ကောင်လေး နဲ့ Bar မှာ Drum တီးတဲ့ ကောင်လေး တို့ရဲ့ Love Story. 22.3.2022