13

91 5 5
                                    

“ ခင်ဗျားကို ကျွန်တော် လွမ်းနေမိတယ် ”

တံခါးဖွင့်ပြီးမြင်မြင်ချင်း၌ပင် Lyric သည် အာခီ့ရင်ခွင်ထဲတိုးဝင်ကာ ခါးသွယ်သွယ်အား ဖက်တွယ်လျက် ထိုကဲ့သို့တိုးတိုးကလေးညည်းဆိုသည်။

အာခီ့ရင်ဖတ်တစ်ခုလုံး ဓားနှင့်အမွှန်းခံလိုက်ရသည့်အလား။

သူ ဒီကောင်ငယ်လေးထံ အလျင်စလိုမပြန်လာမိခြင်းကြောင့် နောင်တအကြီးအကျယ်ရမိသည်။

ထိုကောင်ငယ်လေးဘယ်လောက်အထိမျက်ရည်ကျနေသည်ကို အာခီငုံ့မကြည့်သော်လည်း သူ့ရင်ဖတ်၌စိုစိနေသည့် မျက်ရည်စနွေးနွေးများ၏အကူအညီဖြင့် သူခံစားနေမိသည်။

“ကိုယ်တကယ်တောင်းပန်ပါတယ်”

ဟူသည့်စကားမှလွဲ၍ အာခီဘာမှမပြောနိုင်။

“ကိုယ်မှားပါတယ်”

အာခီ့စကားအဆုံး၌ Lyric သည်လည်း ချက်ချင်းပင်

“ကျွန်တော်လည်းမှားပါတယ်”

မဆိုင်းမတွနှင့် ထိုသို့ဝန်ခံ၍ တချိုတသာဆိုပြန်သည်။

“ ကိုယ့် Lyricကလေး ကို စိတ်ဒုက္ခတွေပေးနေမိတယ် ”

ရင်ခွင်ထဲအတင်းတိုးဝင်လျက်နေရာယူထားသည့်ကောင်ငယ်လေးအား အာခီ ဂရုဏာသက်ကာငုံ့ကြည့်ရင်း ပါးမို့မို့ပေါ်စီးကျနေသော မျက်ရည်စတို့အား သုတ်ကာဖယ်ရှားပေးပြီးနောက် လက်ထဲအသင့်ယူလာသည့် သွယ်ဝိုက်တောင်းပန်စကား ဆိုပေးနိုင်မည့် ကျူးလစ်အဖြူ‌ရောင် ပန်းစည်းကလေးအား ကလေးငယ်ထံကမ်းပေးရင်း ဆိုသည်။

“ ခွင့်မလွှတ်လည်း ကိုယ် ရိုရိုကျိုးကျိုးနဲ့တောင်းပန်ပါတယ်ကွယ်”

“ကျွန်တော်ခွင့်လွှတ်တယ် မတောင်းပန်လည်း ကျွန်တော်ကျေနပ်ပြီးသားပါ။ ခင်ဗျားပေးတဲ့ ကျူးလစ်အဖြူလေးတွေကိုလည်း ကျွန်တော်သဘောကျပါတယ် ”

နမ်းကိုရှိုက်ရင်း ပြုံးပြလာသည်။

ဧည့်ခန်းထဲရှိဆိုဖာပေါ်ထိုင်နေသည့်အချိန်ထိတိုင်အောင် ထိုပန်းစည်းငယ်အား ကောင်ငယ်လေး အနမ်းမပျက်။

အာခီဟီကိုသည်ကား အိမ်ရှေ့ဝန်ရံတာသို့ထွက်သည့် မှန်ချပ်တံခါးအရှေ့၌ နေရောင်ခြည်အား ကာကွယ်ပေးထားသော ကော်ဖီရောင် လိုက်ကာ ထူထူကို ဆွဲဆန့်ကာဖွင့်၍

Lyric Of My Heart Beat || U+ZWhere stories live. Discover now