12

122 6 7
                                    

Lyric

အခန်းနံရံဖြူဖြူပေါ်မှာချိတ်ကာဆွဲထားတဲ့ပြက္ခဒိန်ကိုလှမ်းမကြည့်မိတော့တာဘယ်လောက်တောင်မှကြာသွားပြီလဲဆိုတာကျွန်တော်ကိုယ်တိုင်တောင်တိတိကကျကျမသိတော့ပါဘူး။ 

တစ်လ နှစ်လ ကျွန်တော်လက်ချိုးမရေချင်တော့ဘူး။ ရေတွက်နေလည်း အချိန်တွေကိုပြန်ပြင် ပြန်ပြောင်း ပြန်ကူးပြီး သွားလို့မှ မရတာ။

ဒုတိယနှစ်ဝက်စာမေးပွဲတောက်လျှောက်ကျွန်တော်ဟာငူငူငိုင်ငိုင်နဲ့အချိန်တွေဖြုန်းလာမိတယ်။ ကျွန်တော့်ကိုစိတ်အနှောင့်အယှက်အမျိုးမျိုးပေးဖို့ကြိုးစားရင်း လေငယ်ကလေးလိုအမြဲတစေ လှစ်ခနဲ ခပ်မြန်မြန်နဲ့ အရှေ့ရောက်လာတတ်တဲ့ အဲဒီလူရဲ့ နာမည်ကိုတောင် အစွန်းအစလေးမျှပင် ကြားခွင့်မရ။ 

အဲဒီလူရဲ့ မုန်းချင်စရာကောင်းလွန်းတဲ့အပြုအမူကလေး တစိတ်တပိုင်းကိုပင် မြင်ခွင့်မရ၊ ဗင်နီလာအနံ့သင်းနေတဲ့ ကိုယ်သင်းရနံ့ကိုတောင် တစက်ကလေးမျှပင် ရှူရှိုက်ခွင့်မရ။

ကျွန်တော့်လက်ခလယ်နဲ့ လက်ညှိုးကြား စီးကရက်ကိုညှပ်ရင်း သောက်ဖို့ကြိုးစားတဲ့အချိန်တိုင်း လုကာယက်ကာ အတင်းပင် တစ်ဖွာနှစ်ဖွာငှားရှိုက် တတ်တဲ့ အဲဒီလူ။ 

အချိန်နဲ့အမျှခွင့်မတောင်းပါပဲ အကြိမ်းပတမ်းနမ်းတတ်တဲ့ အဲဒီလူရဲ့ နီကြံကြံ ဖူးအိအိ နှုတ်ခမ်းပါးတစ်စုံကို ကျွန်တော့်မှာ လှမ်းကာ ငေးငိုင်ခွင့်ကလေးတောင်မရ လို့ ကျွန်တော် ငြီးတွားပြမယ်ဆိုရင် 

“သနားစရာကောင်းလိုက်တဲ့ ဒီကောင်လေး” ဆိုပြီး အဲဒီလူက ကျွန်တော့်ကို လှောင်ရယ်နေမှာသေချာတယ်။

ကျွန်တော့် နှုတ်ခမ်းမွှေးနဲ့ မုတ်ဆိတ်မွှေးတွေ ရှည်လာလိုက်တာများ အရင်အချိန်တစ်ခုကို အမှတ်ရသွားလောက်တဲ့ အထိပါပဲ။ မေမေနောက်အိမ်ထောင်ပြုဖို့ ကျွန်တော့်ကို အသိလာပေးတုန်းက ဆို ဆန္ဒပြပြီး အခန်းအပြင် မထွက်တော့တာ ဘယ်လောက်ကြာသွားလဲ ကျွန်တော်ကိုယ်‌တိုင်တောင် သိပ်မမှတ်မိချင်တော့ပါဘူး။

ကုတင်‌နံဘေး စားပွဲပေါ်က တဂွမ်ဂွမ် မြည်နေတဲ့ ဖုန်းအသံက ကျွန်တော့်ရဲ့အတွေးနယ်ချဲ့မှုတွေကို အနည်းအကျဉ်းကလေး အနှောင့်အယှက်ပေးနေပါတယ်။ contact name ကတော့ အသင်းခေါင်းဆောင်တဲ့။ ဒါ ကျွန်တော်မျှော်နေရတဲ့ ဖုန်းမှမဟုတ်တာ။ မကိုင်ဘဲပစ်ထားလိုက်လည်း ပြဿနာမရှိပါဘူး။

Lyric Of My Heart Beat || U+ZWaar verhalen tot leven komen. Ontdek het nu