15

113 6 3
                                    

Lyric တစ်ယောက် မနက်အိပ်ရာနိုးနိုးချင်း၌ပင် မျက်နှာသစ်ကာအခန်းထဲမှထွက်လာ၍ အာခီဟီကိုရှိရာ သို့ ချက်ချင်းခြေဦးတည်ရင်း လျှောက်လာနေခြင်းဖြစ်သည်။

“ စူပါဆန်းဒေးပါ ဘေးဘေ ”

အာခီဟီကို၏နှုတ်ဆက်စကားသည် မနက်ခင်းအား ကြည်နူးခြင်းများအတိဖုံးလွှမ်းရန် ကြိုးပစ်နိုင်စွမ်းရှိသည်။

“ စူပါဆန်းဒေးဆိုတော့ ခင်ဗျားကြီးတနေကုန်‌အားနေမှာပေါ့ ”

Dinning Room ရှိ ထမင်းစား စားပွဲ၌ Lyric နေရာယူကာဝင်ထိုင်လိုက်ပြီးနောက် အာခီအဆင်သင့်ဖျော်ထားပေးသည့် ကော်ဖီပူပူအားတဖူးဖူးမှုတ်ကာသောက်သည်။

“ အပြင်မသွားဘဲ အခန်းမှာနေပြီး
ချစ်ကလေးအနားပဲကပ်နေရင်ကောင်းမလား”

Lyric အနား သူ ကပ်ကာ လောလောလပ်လပ်မျက်နှာသစ်ထား၍ အိစက်ညက်ညောနေသည့်ပါးပြင်ဖွေးဖွေးအား ရွှတ် ခနဲမြည်အောင် နမ်းလိုက်သည်။

“ ကျွန်တော်က အိပ်ခန်းရှင်းမှာ။ ခင်ဗျားလည်း လုပ်စရာရှိတာလုပ်လေ။ ခင်ဗျားသူငယ်ချင်းတွေနဲ့လည်းမတွေ့တာကြာပြီမလား။ အရင်လိုသွားသွားလာလာလည်း မတွေ့ရတော့ပါလား”

“ ကိုယ်က Lyric အနားပဲ ကပ်နေတော့ သူတို့နဲ့လည်း သိပ်မတွေ့ဖြစ်တော့ဘူး။ အခုလည်း Lyric အနားမှာကပ်နေရုံကလွဲပြီး ဘာမှလုပ်စရာမရှိဘူး။ ညကျ Lyric ဈာန်ဘားကိုသွားရင်ကိုယ်လိုက်ခဲ့မယ်။ ရတယ်မလား”

ပါးစပ်ထဲကိတ်မုန့်အပြည့်ထည့်ကာ ဝါးရင်း အာခီ ဗလုံးဗထွေးနှင့်ရှင်းပြသည်။

"လိုက်မယ်ဆိုလိုက်လေ ခင်ဗျားသဘော"

Lyric ထိုင်ရာမှထကာ ဘေစင်အနားလျှောက်သွားလိုက်သည်နှင့်ပင်

"ထားခဲ့ ကိုယ်ဆေးလိုက်မယ်
ကိုယ့်မှာဆေးစရာတွေရှိသေးလို့"

အာခီသည် ရှေးလူကြီးများပြောခဲ့သော

“ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်”

ဟူသည့် စကားပုံအားအသက်ဝင်အောင်ဖန်တီးနေသယောင်ပင်။

သူ့ကလေးငယ်အား မနက်စာအဆင်သင့်ပြင်ပေးရုံသာမကသောက်ပြီးသား ခွက်ကိုပင်မဆေးခိုင်းရက်။

Lyric Of My Heart Beat || U+ZWhere stories live. Discover now