တစ်ဖက်တွင်ဇာတ်လိုက်မလယ်ရိုဟာသူမရဲ့'လကစ်ဇိုင်းယား'မျိုးနွယ်စုသွေးအနည်းငယ်ကြောင့်ဆေးပြယ်သွားသည့်အခါ၌မူးနောက်စွာနိုးထလာသည်။သူမနိုးနိုးချင်းခံစားလိုက်ရတာကသူမကိုယ်ပေါ်ပိကျလာသည့်မယုံနိုင်စရာအရှိန်အဝါတစ်ခုဖြစ်သည်။

သူမခန္ဓာကိုယ်ထဲရှိ'လက်စ်ဇိုင်းယား'သေွးတွေမှာပြင်းပြင်းထန်ထန်လှုပ်ရှားနေပြီးသူတို့ဧကရာဇ်ကိုရှာတွေ့သွားသည့်လက်အောက်ငယ်သားတစ်ယောက်လိုမျိုးပြုမူနေသည်။

လယ်ရိုဟာသူမရဲ့ခေါင်းကိုကြိုးစားပင့်မြှောက်ပြီးကြည့်လိုက်ပြီးနောက်တွင်သူမရဲ့အစိမ်းရောင်မျက်ဝန်းတွေမှာလုံးဝပြူးကျယ်သွားသည်။

ရွှေရောင်အလင်းတန်းတွေဝန်းရံခြင်းကိုခံထားသည့်လူတွင်လှပရှည်လျားသည့်ရွှေရောင်ဆံနွယ်တွေရှိပြီးဘေးတဇောင်းမြင်နေရသည့်ထိုသူရဲ့မျက်နှာကပင်နတ်ဘုရားပေါင်းများစွာဂရုတစိုက်ထုဆစ်ထားသောပန်းပုရုပ်ထုကဲ့သို့ချောမောခန့်ညားလှပလွန်းလှ၏။

သူမတစ်သက်နှင့်တစ်ကိုယ်တွင်ထိုမျှထိကြည့်ကောင်းသောသူကိုမမြင်ဖူးပေ။

ဇာတ်လိုက်မနိုးလာသည်ကိုရှောင်ကျန့်ကမြင်လိုက်ရသည်နှင့်မဲ့ပြုံးပြုံးလိုက်သည်။ယခုအချိန်၌ရှောင်ကျန့်ဟာဇာတ်လိုက်မရဲ့အနောက်ဘက်၊အစီအရင်အပြင်ဘက်၌ရှိနေတာကြောင့်လယ်ရိုအနေနဲ့သူ့ကိုသတိမထားမိတာကသဘာဝကျသည်။

ရိုင်နယ်တေးကရှောင်ကျန့်၏စကားကိုမြေဝယ်မကျနားထောင်သည်။ရိုင်နယ်တေး၏ရွှေရောင်တော်ဝင်အလင်တန်းမှာတောက်ပသထက်တောက်ပလာပြီးနောက်ဆုံးတွင်ကောင်းကင်ထက်၌လွန်စွာအရှိန်အဝါကြီးမားသည့်ရွှေရောင်အလင်းတိုင်လုံးကြီးထွက်ပေါ်လာသည်။

၎င်းရွှေရောင်အလင်းတိုင်လုံးကြီးမှာကောင်းကင်နှင့်မြေကြီးအားထောက်ကန်ပေးထားသည့်တိုင်ကြီးနှင့်တူလှသည်။

ဝေးလံလှသောမျိုးနွယ်စုတွေရှိဧကရာဇ်တိုင်းဟာထိုအလင်းတိုင်လုံးကြီးကိုသတိထားမိကြသည်။ဧကရာဇ်တိုင်း၏ရင်ထဲကလွန်စွာတုန်ရီလာပြီးထိုအလင်းတိုင်ရှိရာဆီသို့ဦးညွှတ်အရိုအသေပေးချင်စိတ်အပြင်းအထန်ပေါ်ပေါက်လာသည်။

system 091 Where stories live. Discover now