1

6.6K 316 3
                                    


အထက်တန်းကတည်းက တိတ်တခိုးကြိုက်လာခဲ့တဲ့ ကောင်လေးတစ်ယောက် ရဲ့အနားကို နီးစပ်ခွင့်ရအောင် ကြိုးစားရတာလည်းမလွယ်လှပေ
"xiao zhan ဒီနေ့ ၁၂နောက်ပိုင်းကစပြီး appointment တွေအကုန် ဖြတ်လိုက်တော့ ငါလုပ်စရာရှိလို့"
ကားပေါ်ကဆင်းဆင်းခြင်း ပြောစရာရှိတာပြောပြီး ထွက်သွားတဲ့သူ့boss နားရောနားရဲ့လားမသိဘူး
company တစ်ခုလုံးရဲ့bossပါ အဲ့အတိုင်းပါပဲ
အမြဲတမ်း ဘာကိုမှရေရေရာရာသူ့ကိုပြောမပြဘူး|ဘယ်သူ့ကိုမှလည်း ဂရုမစိုက်ဘူး | smart ကျနေတဲ့သူပေါ့
"ဟုတ်ကဲ့ boss ဒါဆို ကျွန်တော် မနက်ခင်းချိန်းထားတဲ့ သူတွေကို လက်ခံလိုက်ပါ့မယ် "
"အင်း"
အနောက်က
ဌာနအသီးသီးက ခေါင်းဆောင် တွေ | ခေါင်းဆောင် တွေရဲ့အရှေ့မှာ မျက်မှန် လေးထောင့်လေးနဲ့ ချောမောပြီး.စေ့စပ်သေချာလွန်းတဲ့ အတွင်းရေးမှုးလေး ရှောင်းကျန့်| ရှောင်းကျန့်ရဲ့အရှေ့မှာမှ company တစ်ခုလုံး  က ခေါင်းမဖော်ရဲအောင် ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ တိကျပြတ်သားပြီး ထက်မြတ်လွန်းတဲ့ သူတို့ရဲ့ boss. company ပိုင်ရှင် ဝမ်.ရိ.ပေါ်


ရိပေါ်အသက်၆နှစ်ကတည်းက အဖိုးဖြစ်သူရဲ့ လမ်းပြမှူ သွန်သင်မှုတွေကြောင့် အဖိုးရဲ့ company မှာ အောက်ခြေသိမ်းစားပွဲထိုးဝင်လုပ်နေရပြီဖြစ်သည်. အဖိုးဖြစ်သူ ဦးရိလုံကလည်းစေ့စပ်သေချာပြီး ပျက်သားတဲ့သူတစ်ယောက် အချိန်ကိုအလေးထား တန်ဖိုး ထား အကျိုးရှိအောင်အသုံးချခဲ့လို့ သူ့ခေတ်သူ့အခါတုန်းကစီးပွားရေးမှာ no.1
သူ့မြေးကိုလည်းသူ့ခြေရာနင်းစေချင်လို့ ငယ်ငယ်ကတည်းက အောက်ခြေသိမ်းကနေအစအဆုံးခိုင်းခဲ့သည် လူတွေနဲ့ပေါင်းသင်းဆက်ဆံတက်အောင် လူတွေအကြောင်းနောကြေနေအောင် လောကကြီးအကြောင်းသိနေအောင်သင်ပေးဖို့ကလူကြီးတွေရဲ့ တာဝန်ဖြစ်သလို အဖိုးက အရာရာရဲ့တန်ဖိုးကိုပြသပေးခဲ့လေသည်
ဒါတင်မဟုတ် ရိပေါ် လေးနှစ်သားလောက်ကတည်းက အမေဖြစ်သူက ချက်ရေးပြုတ်ရေးကိုစတင်သင်ကြားပေးလေသည်
အိမ်ထောင်ကွဲအမေဖြစ်သူက သူမကိုသူမ မသိမ်ငယ်ပဲ single mother အဖြစ်တစ်ကိုယ်တည်းနေပြီး strong ဖြစ်အောင် အမြဲ  smart ကျအောင်နေရုံမက သူ့သားလေးကိုလည်း သင်ကြားပေးသည်
အဖိုးကလည်း စေ့စပ်သေချာ| အမေဖြစ်သူကလည်း strong ဖြစ်တဲ့ သူမျိုးရဲ့လက်အောက်ကထွက်လာတဲ့ ရိပေါ်ကလည်း ငယ်ငယ်လေးကတည်းက cool...
ကိုမှန်တယ်ထင်ရင်သင်နေတဲ့ဆရာတောင်ပြန်ပြောတယ်... ဒါကရိုင်းတာမဟုတ်ပေမယ့် သူမှန်တယ် ထင်လို့ပြန်ပြောတာ.ဘယ်သူ့ကိုမှဂရုစိုက်စရာမလိုပေ ကျောင်းမှာဆိုလည်း ခပ်ချေချေပဲ
အခု လူက၂၄ရှိပြီ company တစ်ခုလုံးအုပ်ချုပ်နေတဲ့ ceo ပေါက်စလေးဖြစ်ပေမယ့် အခုထိ ဘယ်သူ့ကိုမှ အပြုံးတစ်ပွင့်မစွန့်ကျဲဘူးပေ အလုပ်လုပ်လည်းတည်တည်ကြည်ကြည်နဲ့ပဲ ပြီးသွားသည်
"boss ဒါက boss တောင်းထားတဲ့ စာရင်း တွေပါ"
company ရုံးခန်းထဲအပ်ကြသံတောင်မကြားရ
ရှောင်းကျန့်ကပဲအလိုက်တသိနဲ့ လက်ထဲကစာရွက်လေးကို ရိပေါ် ရှေ့ထိုးပေးရင်း
"ကဲ...ပြော ဘယ်သူလည်း....?!!!"
.
.မေးခွန်းရှိပေမယ့် အဖြေရှိမနေခဲ့
"ok.!!ကောင်းပြီလေ ဖြေမယ့်သူမှမရှိတာ... ရှောင်း...ကျန့်"
"ကျွန်မ... ကျွန်မပါ boss.."
"ok.. ဘယ်လိုဖြစ်တာလဲ အစအဆုံးပြော"
"ကျွန်မ သေချာမစစ်လိုက်လို့လို...လို..လိုသွါးတာပါ boss "
"လိုသွားတဲ့ သုံးည တစ်လုံးကို မင်းဘယ်လိုလုပ်ပေးမှာလည်း..?"
"ကျွန်မ...."
"လိုသွားတာက သိန်း ၁၀၀တာနော်..."
"အိမ်ရောင်းပေးပါ့မယ်"
ရိပေါ် မျက်ခုံးတော့ တွန့်သွားသည်
စာရင်းနဲ့ပတ်သတ်ရင် သုံးညကအရေးကြီးဆုံးပဲ အခုလည်း ဌာနတွေရဲ့ လချုပ်စာရင်းတွေကို စစ်တာ စစ်တဲ့ကောင်မလေးယောင်တောင်မောင်တောင်နဲ့ သုံးညတစ်လုံးမှာသွားတာ သိန်း၁၀၀ကွာသွားတယ်
အစကအလုပ်ဖြုတ်ပစ်ဖို့အထိစဉ်းစားထားပေမယ့် ကောင်မလေး ရဲ့သတ္တိကလည်း မေခေပ
မဆိုးပါဘူး ဒီကောင်မလေး ကို့အမှားကိုတာဝန်ယူနိုင်သားပဲ...
"အိမ်ရောင်းပေးဖို့အထိတော့မလိုပါဘူး...အပေးအယူတော့ရှိတယ်.."
"ဟင်...ဘာအရေးအယူလည်း boss"?
"ရာထူးအချခံရမယ် ပြီးရင် fashion ဌာနကိုသွားပြီး အဲ့မွာ design အောက်သွားပြီး မရောင်းရတဲ့အဝတ်တွေအကုန်လုံးကို promotion ဆင်းပြီးရောင်းရမယ် ငါလိုချင်တဲ့ target ရောက်ရင်တော့နင့်အိမ်ရောင်းစရာမလိုဘူး.အရင်ဌာနကိုပဲအလုပ်ပြန်လုပ်ရမယ် မရရင်တော့သုံးလစာပြန်လျော်ပြီးအလုပ်ထွက်ရမယ်.ဘယ်လိုလည်း?"
"ကောင်းပါပြီ boss ကျွန်မလုပ်ပါ့မယ်..."
"ကျန်တဲ့သူတွေတင်ပြစရာပြောစရာရှိသေးလား"?
"မရှိတော့ပါဘူး"
"မရှိတော့ပါဘူး boss"
"သွားရအောင် ရှောင်းကျန့်"
"ဟုတ်..ဟုတ် boss"
အခန်းထဲ ကထွက်သွားမှပဲသက်ပြင်းပိစိလေးတွေကို boss မကြားအောင်ခိုးချရင်း ဝန်ထမ်းတွေ မှာ ပွစိလပွစိ...


Boss! (complete) Where stories live. Discover now