အခန်း (၁၈)

Start from the beginning
                                    

ငါ သူ့ကို ငေးကြည့်နေလိုက်တယ်။ "ဒါပေမဲ့ ရှစ်ဖူက ငါတို့ကို သဘောမတူသေးဘူးလေ"

ဇီဟွေ့ ခဏတော့တည်သွားတယ်။ ပြီးတော့ ရယ်တယ်။ "ရှစ်ဖူတဲ့လား၊ ငတုံးမလေး... မင်းရဲ့ တစ်မိသားစုလုံးကို သူက သတ်ခဲ့တာ၊ အဲဒါကိုတောင် မင်းရဲ့ဆရာလို့ မြင်နေတုန်းလား"

ငါ့မျက်ရည်တွေ ကျလာပြန်ပြီ။ "ငါ သူ့ကို ဆရာလို့ မြင်လို့မရဘူးလား"

ဘာပဲဖြစ်ဖြစ် ငါ့အပေါ်ကို ရှစ်ဖူ ကောင်းခဲ့တာပဲ။

"ဟုတ်တယ် မင်း သူနဲ့ တွေ့လို့မရဘူး၊ ဒီသွေးချောင်းစီးမှုကြီးကို မြင်ပြီးမှတော့ မင်းနဲ့ သူရဲ့ ဆရာတပည့်ဆက်ဆံရေးဆိုတာလည်း မရှိသင့်တော့ဘူး"

ဇီဟွေ့က ငါ့လက်ကို ခပ်တင်းတင်းဆုပ်ပြီးကိုင်တယ်။ ပြီးတော့ အရမ်းခိုင်မာနေတဲ့ပုံစံနဲ့ ငါ့ကို ပြောတယ်။ "ကိုယ် မင်းကို လက်ထပ်မယ်၊ မင်း ရှစ်ဖူနေရာကို ကိုယ် ယူပြီး မင်းကိုစောင့်ရှောက်ပေးမယ်၊ မင်းဆန္ဒရှိရဲ့လား ဟင်..."

ငါ့မျက်ရည်တွေက သူ့လက်ပေါ်ကို ခုန်ပေါက်ပြီးကျဆင်းသွားတယ်။ ငါ ဇီဟွေ့ကို ခေါင်းညိတ်ပြလိုက်တယ်။ ဇီဟွေ့က ရယ်ပြီး ငါ့ခေါင်းလေးကိုပုတ်ပေးရော။

"အားရှန်း... သိပ်ကောင်းတယ်၊ လာ... ကိုယ်တို့ မိသားစုမှာ အစဉ်အလာတစ်ခုရှိတယ်၊ ကိုယ့်မိသားစုဝင်ထဲက ဘယ်သူနဲ့မဆိုလက်ထပ်ရင် ဒီဆေးရည်ကို သောက်ရတယ်၊ ဒါက ကိုယ်နဲ့နေတဲ့အခါ ပိုပြီးအဆင်ပြေလာစေလိမ့်မယ်၊ အားရှန်း... သောက်လိုက်နော်"

ငါ ခံစားချက်မရှိပဲ ခေါင်းကို ညိတ်ပြလိုက်တယ်။ ဇီဟွေ့က ငါ့ကိုထားပြီး ထွက်သွားတယ်။ ခဏနေတော့ ဆေးရည်တစ်ပန်းကန်ကို ယူပြီးပြန်လာတယ်။ ငါ ဘာမှသံသယမရှိပဲ သောက်ချပစ်လိုက်တယ်။ ညှီစို့စို့နဲ့ ချိုပြီးနွေးတဲ့အရသာက လည်ချောင်းထဲကို စီးဝင်သွားတယ်။ သွေးတွေကို သောက်လိုက်ရသလိုပဲ။ ငါ့ရင်ဘတ်ထဲ ပူလာတယ်။

ဇီဟွေ့က ငါ့ရဲ့ ခေါင်းကိုဝမ်းပန်းတသာနဲ့ ပုတ်တယ်။ သူက ငါ့ကို ကျောက်တုံးအိပ်ရာဆီ ထိုးပြပြီး၊ "ဒီနှစ်ရက်လုံး မင်း ပင်ပန်းနေမှာပဲ၊ အနားယူလိုက်နော်"

ကြမ္မာ ခုနစ်လီWhere stories live. Discover now