နတ်ဆရာဇိုင်းလစ်၏မျက်နှာမှာမဲမှောင်နေသည်။ယခုလူအုပ်ကိုဦးဆောင်သူမှာသူကိုယ်တိုင်ဖြစ်တာကြောင့်ယခုလိုလူသုံးယောက်သေဆုံးသွားသည်ကသူ့ကိုအလွန်မျက်နှာပျက်စေသည်။

ထို့နောက်ရှောင်ကျန့်ဟာပတ်ဝန်းကျင်ရှိစကားများအရအဖြစ်အပျက်အားလုံးကိုသိရှိနားလည်သွားသည်။မနေ့ညတွင်လူတစ်ချို့ဟာအလစ်အငိုက်တိုက်ခိုက်ခံခဲ့ရသည်။လူသုံးယောက်ဟာသေဆုံးသွားခဲ့ကာလူတစ်ဦးကဒဏ်ရာအပြင်းအထန်ရသွားသည်။

သေဆုံးသူသုံးဦးမှာမျိုးနွယ်စုတစ်ခုစီကမင်းသားတွေဖြစ်ကြတာကြောင့်ယခုကိစ္စကအနည်းငယ်ရှင်းရခက်ခဲပေလိမ့်မည်။လူတိုင်းဟာမှော်နက်မျိုးနွယ်ဝင်တွေနဲ့ပတ်သတ်ပြီးစုံစမ်းဖို့ရန်ဆုံးဖြတ်လိုက်ကြသည်။

သူတို့တွေဟာမှော်မြို့တော်ထဲမှာလှည့်ပတ်နေရင်းမှော်နက်မျိုးနွယ်ဝင်တွေနဲ့ပတ်သတ်သည့်သဲလွန်စများကိုလိုက်လံစုံစမ်းကြသည်။ရှောင်ကျန့်ကလည်းတစ်ခြားသူတွေနည်းတူမှော်မြို့တော်ထဲလှည့်ပတ်သွားလာနေခဲ့ပေမယ့်ရည်ရွယ်ချက်ချင်းတော့မတူပေ။

ရှောင်ကျန့်အတွက်မူလဇာတ်ကြောင်းတစ်ခုလုံးသိထားပြီးကတည်းကဒီဇာတ်ကွက်အကြောင်းကိုအသေအချာနားလည်ထားသည်။

အရာအားလုံးကသူ့စီစဥ်ထားတဲ့အတိုင်းဆက်သွားနေပြီးအဓိကအချိန်တစ်ခုသို့မရောက်သေးခင်အထိသာစောင့်နေဖို့ရန်လိုအပ်သည်။ထို့အတွက်ရှောင်ကျန့်ဟာရိုင်နယ်တေးကိုဆွဲခေါ်ရင်းမှော်မြို့တော်တစ်ခုလုံးလည်ပတ်ကြသည်။ဤသည်ကသူတို့ပထမဘဝတုန်းကရိပေါ်လက်ကိုဆွဲရင်းစျေးထဲလျှောက်လည်ခဲ့တာကိုတောင်အမှတ်ရစေသည်။ပထမဘဝတုန်းကသူယူသမျှရိပေါ်ကရှင်းပေမယ့်ဒီဘဝမှာတော့ရိုင်နယ်တေးလိုချင်သမျှကိုသူကလိုက်ရှင်းပေးရန်ဆုံးဖြတ်လိုက်သည်။

မှော်မျှော်စင်ရဲ့နတ်ဆရာဇိုင်းလစ်နှင့်အကြီးအကဲကတော့မှော်နက်မျိုးနွယ်ဝင်တွေ၏သဲလွန်စမှန်သမျှကိုအလွတ်မပေးပဲရှာဖွေကြသည်။သို့သော်၎င်းမျိုးနွယ်ဝင်တွေမှာလွန်စွာအရှောင်ကောင်းသလိုအပုန်းအအောင်းလည်းကောင်းကြသည်။

system 091 Where stories live. Discover now