" ဟုတ်ပါပြီ ၊ဟုတ်ပါပြီ ငါကလည်း ဘာမှ ပြောမနေပါဘူး"

ချူးလျန်ကတော့ ဟေးချန်ဒီနဲ့ စစ်သူကြီးစီမာတို့ ဆက်ဆံရေးသတင်းအပေါ်ကို ဘာမှတွေးမနေဘူး၊ သူမ အမြင်အရတော့ ဘယ်အရာမှ တည်မြဲနေတာမဟုတ်ဘူး၊ သူတို့ကြားနေရတာက အတင်းအဖျင်းသတင်းတွေဘဲဖြစ်နေပြီးတော့ သူတို့နှစ်ဦးကြားမှာ တစ်ခုခုရှိနေကြောင်းသက်သေကလည်း ရှိနေတာမဟုတ်ဘူး၊ ဟေးစန်းလန်နဲ့ စစ်သူကြီးစီမာတို့က အေးစက်စက်နဲ့ သဏ္ဌာန်တူနေကြတော့ သူမဘက်က ဟေးစန်းလန်ကို ပြန်ရှင်းပြပြီးတော့ သူမနေရာကို စစ်သူကြီးစီမာကို ပေးနိုင်ဖို့ နည်းလမ်းရှာပေးလိုက်မယ်။

သူမ ‌ကတော့ မြင့်မြတ်တဲ့ အမျိူသမီးကျင်းယီအဖြစ်နဲ့ ရှိနေသ‌ေရွ့သူမ ဘာသာပျော်ရွှင်အောင်နေလို့ရနေတာဘဲ၊ နောက်ပြီး သူမ အနေနဲ့လည်း အဲ့လို စိတ်ဒုက္ခပေးတဲ့ သဘောတူညီချက်အရ စေ့စပ်ထိမ်းမြားမှုတွေဆီကနေ လွတ်မြောက်နိုင်သွားလိမ့်မယ် ၊ ဒါက နှစ်ဖက်လုံးအတွက် အရှုံးမရှိတဲ့ အခြေအနေဘဲမလား? သူမ ကိုယ်တိုင်အတွက်လည်း နှစ်သက်တဲ့ ယောကျာ်းတစ်ဦးနဲ့ တွေ့ဆုံနိုင်ပြီး ‌ငြိမ်းချမ်းပြီး ပျော်ရွှင်တဲ့ ဘဝလေးကို ရရှိနိုင်လိမ့်မယ်။

‌ရှေ့တန်းမှာ တိုက်ခိုက်နေရတဲ့ ဟေးစန်းလန်မှာတော့ သူ့ရဲ့ အန္တရယ်များလှတဲ့ ဇနီးသည်လေးရဲ့ သူ့ကို စွန့်ခွာသွားမယ့်အတွေးတွေကို တစွန်းတစလေးတောင် မသိနိုင်ရှာဘူး၊ သူတိူ့နှစ်ဦးသားက လင်မယားအရာတောင်မမြောက်သေးခင်မှာဘဲ သူမ ဘက်က ကွာရှင်းဖို့ အကြောင်းကို တွေးတောလို့နေပြီ။

ဒီအကြောင်းတွေကို ဟေးစန်းလန်သာ ကြားသိသွားခဲ့ရင် သွေးအန်လွန်းပြီး သေသွားနိုင်တယ်။

ချူးလျန်ကို ခစားတာကြာ‌ေနတဲ့ ဝမ်ချင်းနဲ့ ဝမ်လန်မှာလည်း သူမရဲ့ စိတ်နေစိတ်ထားကို အနည်းငယ်တော့ တီးမိခေါက်မိရှိနေကြပြီ၊ သူတို့ရဲ့တတိယသခင်မလေးက စစ်သူကြီးစီမာရဲ့ ကိစ္စတွေကို ဆက်ပြောဖို့ အစီစဉ် ရှိမနေမှတော့ သူတိူ့ ဘက်ကလည်း တိတ်ဆိတ်နေလိုက်တော့တယ်။

အပြင်ဘက်က စစ်သားတစ်ဦးက မီးလင်းဖို တစ်ခုကို ပို့ဆောင်ပို့ပေးလာတယ်၊ ဝမ်ချင်းက ဒါကို ချူးလျန်အနီးအနားကို ပိုပြီး နီးကပ်လာအောင်တွန်းပို့ပေးလာတယ်။

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now