'အုန်းသီး....သူတို့ကဘာတွေလဲ'

အုန်းသီးဟာသူ့ရဲ့ဝမ်းနည်းကြေကွဲဆို့နင့်နေသည့်စိတ်အခြေအနေကိုလျစ်လျူရှု့လိုက်ရင်းရှောင်ကျန့်၏အမေးကိုပြန်ဖြေလာသည်။

[နှစ်ယောက်လုံးကဒီကမ္ဘာရဲ့အရေးကြီးဇာတ်ကောင်တွေပါပဲhost......ငွေရောင်ဆံပင်ရှည်နဲ့တစ်ယောက်ကဒီကမ္ဘာရဲ့ဇာတ်လိုက်တွေထဲကတစ်ယောက်ဖြစ်တဲ့နတ်သူငယ်မင်းသားဖေးလ်ဖြစ်ပြီးတော့ဆံပင်အစိမ်းရောင်နဲ့တစ်ယောက်ကဒုတိယဇာတ်လိုက်ဖြစ်သူ မေးလ် လို့ခေါ်ပါတယ်host]

အုန်းသီးကဆက်ပြောသည်။

[မေးလ် ကဒုတိယဇာတ်လိုက်လို့သာခေါ်ပေမယ့်ဇာတ်လိုက်မရဲ့အနာဂတ်ယောက်ျားတွေထဲကတစ်ယောက်ပါပဲhost.....]

ဇာတ်လိုက်မကစားစော်ကြီးဆိုတာကိုတော့ရှောင်ကျန့်ဝန်ခံရမည်။သူမကဇာတ်လိုက်တွေနဲ့တင်မကဘူး.....ရုပ်ချောတဲ့ယောက်ျားလေးတိုင်းသူမနဲ့တစ်ယောက်မှမလွတ်ချေ။ဗီလိန်ဖေးလစ်တောင်ဖအေတူအမေကွဲ၊သွေးသားတော်စပ်တဲ့အစ်ကိုဖြစ်နေလို့လွတ်သွားတာဟုဆိုရမည်။

စဥ်းစားရင်းနဲ့တောင်ကြက်သီးထလာပြီ.....

[host.....ဒီနှစ်ယောက်ကိုကယ်ဖို့စိတ်ကူးရှိရဲ့လားဟင်.....အခုတောင်သူ့တိုခမျာသွေးထွက်လွန်ပြီးလူသေလောင်းနဲ့မခြားဖြစ်နေပြီ]

ရှောင်ကျန့်ကယ်သင့်မကယ်သင့်စဥ်းစားလိုက်ရင်းဒဏ်ရာပိုဆိုးတဲ့ငွေရောင်ဆံပင်ရှည်နဲ့နတ်သူငယ်မင်းသားနားအရင်ဆုံးကပ်သွားလိုက်သည်။ရုတ်တရတ်နတ်သူငယ်မင်းသားရဲ့လက်မှာရှောင်ကျန့်ရဲ့သေးငယ်သည့်ခြေချင်းဝတ်လေးကိုလာရောက်ဆုပ်ကိုင်သည်။

ရှောင်ကျန့်ကလန့်သွားပေမယ့်ထိုသူကိုကန်မိမလိုဖြစ်သွားခြင်းအားပြန်လည်ထိန်းချုပ်လိုက်နိုင်သည်။

"ကယ်....ကယ်ပါ....."

နတ်သူငယ်မင်းသားဖေးလ်၏အသံမှာအက်ကွဲနေပြီးသူ့ရဲ့အမြင်အာရုံမှာလည်းဝေဝါးနေသည်။ထို့ကြောင့်ရှောင်ကျန့်၏မျက်နှာကိုမှုန်ဝါးဝါးလေးသာမြင်တွေ့နေရသည်။

"မင်းငါ့ကိုကယ်စေချင်တာလား..."

ဖေးလ်ဟာထိုသူရဲ့သာယာပြီးမိန်းမောစရာအသံကိုသာကြားနိုင်ခဲ့ပြီးရှိသမျှအားအကုန်စိုက်လျက်ခေါင်းငြှိမ့်လိုက်သည်။

system 091 Where stories live. Discover now