ဘုရင်းမင်းမြတ်အန်ဒီ၏ပုံမှန်မျက်နှာသေမှာပြောင်းလဲသွားရင်းရှောင်ကျန့်ကိုစူးစိုက်၍လေးလေးနက်နက်ကြည့်လာသည်။သူ့ရဲ့ဂုဏ်အယူရဆုံးနဲ့အချစ်ဆုံးသားမှာဘယ်အရာကိုမှပေါ့ပေါ့တန်တန်မပြောတတ်မှန်းသူသိသည်။

ဘုရင်မင်းမြတ်အန်ဒီ၏အပြာရောင်မျက်ဝန်းတစ်စုံမှာရှောင်ကျန့်ရင်ခွင်ထဲရှိပျော်ရွှင်စွာအိပ်မောကျနေသည့်ဝံပုလွေနက်လေးဆီရောက်ရှိသွားသည်။

ဝံပုလွေ.......

ပထမကထိုအနက်ရောင်ဝံပုလွေလေးကိုသိပ်ဂရုမစိုက်မိပေမယ့်သူ့သား၏စကားကြောင့်ပြန်လည်စဥ်းစားမိသွားသည်။

ရှောင်ကျန့်ကဘုရင်မင်းမြတ်အန်ဒီ၏အကြည့်အားရှောင်ကျန့်ကခပ်ဖွဖွသာပြုံးရင်းအဖြေပြန်ပေးသည်။

"အဖေကဥာဏ်ကောင်းပါတယ်.....ကျွန်တော်ဆိုလိုတဲ့အဓိပ္ပါယ်ကိုနားလည်မယ်လို့ထင်တယ်"

ဘုရင်မင်းမြတ်အန်ဒီ၏အပြာရောင်မျက်ဝန်းများမှာပြူးကျယ်သွားရင်းပင့်သက်ရှိုက်လိုက်မိသည်။ဘယ်လောက်ပဲခန့်မှန်းမိတယ်ပြောပြောတကယ်ကြားသိရတော့လည်းမထိတ်လန့်မအံ့ဩပဲမနေနိုင်ပါချေ။

သူကသူ့သားမလိမ်မှန်းအလိုလိုသိနေသည်။

"ဒီအကြောင်းဘယ်သူတွေသိသေးလဲ"

"ဟင့်အင်း.....အဖေတစ်ယောက်တည်းကိုပဲပြောပြရသေးတယ်"

"ကောင်းပြီ"

ဘုရင်မင်းမြတ်အန်ဒီကရှောင်ကျန့်ကိုနူးညံ့စွာစိုက်ကြည့်လိုက်ရင်းသက်ပြင်းထပ်မံချမိသွားသည်။

"ဒီကိစ္စကအရမ်းအရေးကြီးတယ်....တစ်ခြားသူတွေသာသိရင်ငါတောင်ကာကွယ်နိုင်ဖို့ခက်ခဲလိမ့်မယ်....."

ခဏလောက်တိတ်ဆိတ်သွားပြီးနောက်

"ငါမင်းအတွက်အန္တရာယ်တောအုပ်ထဲကစံအိမ်မှာနေဖို့အတွက်စီမံပေးမယ်.....အဲ့ဒီမှာရက်အတော်ကြာလောက်ရှောင်နေပြီးသူ့ကိုပျိုးထောင်လိုက်ပါ.....ကျန်တဲ့နောက်ဆက်တွဲကိစ္စတွေအားလုံးကိုငါရှင်းလိုက်မယ်"

"ကျေးဇူးပါအဖေ...."

ရှောင်ကျန့်ကဘုရင်မင်းမြတ်အန်ဒီ၏စဥ်းစားပေးမှုကိုစိတ်ရင်းဖြင့်ကျေးဇူးတင်လိုက်ရင်းအခန်းတွင်းမှထွက်ခွာရန်ပြင်လိုက်သည်။

system 091 Where stories live. Discover now