ဇာတ်လိုက်မလယ်ရိုကဗလာမဲကျသည်။ဤသို့နှင့်ရှောင်ကျန့်ကခပ်ထွားထွားလူငယ်သူရဲကောင်းနှင့်တိုက်ခိုက်ဖို့ရန်ဖြစ်လာသည်။

တိုက်ပွဲကွင်းထဲတွင်ရှောင်ကျန့်နှင့်ခပ်ထွားထွားလူငယ်သူရဲကောင်းမှာဆန့်ကျင်ဖက်တစ်ချက်ဆီတွင်မတ်တပ်ရပ်နေကြသည်။ခပ်ထွားထွားလူငယ်သူရဲကောင်း၏နာမည်မှာအိုလက်စ်ဖြစ်ပြီးအတော်လေးဖြောင့်မတ်ရိုးသားသည်။

အိုလက်စ်ကရှောင်ကျန့်ကိုလေးစားစွာစိုက်ကြည့်လိုက်သည်။ထို့နောက်သက်ပြင်းအသာချလိုက်ရင်းသူ့ရဲ့ကိုယ်ပိုင်လက်နက်ဖြစ်တဲ့ဓားရှည်ကိုဆင့်ခေါ်လိုက်သည်။

"ကျေးဇူးပြုပြီးကျုပ်ခင်ဗျားရဲ့မှော်စွမ်းအားကိုမြင်တွေ့ခွင့်ရှိမလား"

အိုလက်စ်၏တောင်းဆိုမှုကိုရှောင်ကျန့်ကတုံ့ဆိုင်းသွားပေမယ့်ခေါင်းငြှိမ့်ပြလိုက်သည်။ထို့နောက်ရှောင်ကျန့်ရဲ့ညာဘက်လက်ဟာလှုပ်ရှားသွားပြီးလှပတဲ့ခရစ်စတယ်ပုံစံအပြာရောင်ရေခဲတွေဟာဓားရှည်အဖြစ်သို့စုစည်း​ပြောင်းလဲသွားသည်။

ပွဲကြည့်စင်မြင်ရှိလူတိုင်းနီးပါးပင့်သက်ရှိုက်လိုက်ကြသည်။ဤသည်ကရှားပါးရေခဲမှော်စွမ်းအင်ဖြစ်နေသည့်အပြင်ဒီလောက်ထိကျွမ်းကျင်သောထိန်းချုပ်မှုစွမ်းရည်အားမြင်တွေ့ရသည်မှာရှားပါးလွန်းသောကြောင့်လဲဖြစ်သည်။

တစ်ဖက်စင်မြင့်ရှိရိန်းနှင့်ဝူလစ်စ်တို့ကစိတ်လှုပ်ရှားသွားသလို၊ဇာတ်လိုက်မလယ်ရို၏မျက်နှာမှာလည်းမနာလိုမှုကြောင့်စိမ်းပြာနေသည်။

သူမတောင်သူမရဲ့အလင်းစွမ်းအင်ကိုဒီလောက်ထိထိန်းချုပ်နိုင်စွမ်းမရှိပေ။

မကြာခင်မှာပဲလူအုပ်စုတိုင်းဆူညံ၊ဆူညံဖြစ်လာကြသည်။သူကဘာလို့ဓားရှည်ဖန်တီးလိုက်ရတာလဲ။မှော်ဆရာတွေကအနီးကပ်တိုက်ခိုက်တဲ့နေရာမှာဘယ်လောက်တောင်ဆိုးမှန်းလူတိုင်းသိသည်။မဟုတ်မှဒီလူကသူရဲကောင်းတစ်ယောက်နဲ့အနီးကပ်တိုက်ခိုက်မလို့တော့မဟုတ်ပါဘူးနော်.....ဒါကရူးနေတာမဟုတ်လို့ဘာလဲ.....

ပွဲကြည့်စင်ပေါ်ရှိလူတိုင်းဟာရှောင်ကျန့်ရဲ့လုပ်ပုံကိုကြည့်ပြီးခေါင်းများထိသွားတာလားလို့တွေးမိကြသည်။

system 091 Where stories live. Discover now