"အား!!!!"

ကြမ်းပြင်မှာလူးလိမ့်လို့
အော်ဟစ်နေသူကို
သနားနိုင်မည့်လူ
အဘယ်သူရှိလေသလော?

သွေးတွေနဲ့ပြည့်နေတဲ့
ရေချိုးခန်းကြမ်းပြင်က
ညစ်ပေလူးတူးနေတာတွေ
ပျောက်ကွယ်သွားသလိုလို

အဲ့ဒီ့သွေးအိုင်ထဲမှာ
လူးလှိမ့်နေတဲ့
ရိပေါ်ဟာလည်း
အနီရောင်သွေးခဲလေးနှယ်
တစ်ကိုယ်လုံးမှာ
သွေးတွေချင်းချင်းနီအောင်
ပေကျံလို့...

"အေ့..ဝေါ့..အ့..!!!!!"

လုံးဝသည်းမခံနိုင်တော့ဘူး

သေချင်လာပြီ

"အား!!!!....နာလိုက်တာ!!!"

ပုံမှန်အခေါ်ဆို
ခုနှစ်အိမ်ကြားရှစ်အိမ်ကြား
အော်တယ်လို့ဆိုပေမဲ့

ဝမ်ရိပေါ်ရဲ့အော်သံက
သူဆေးမသောက်ခင်က
အော်ခဲ့သလိုမျိုး
ပြုံးပျော်ရွှင်မနေပဲ
ဝမ်းခေါင်းသံနဲ့
အက်ကွဲနေရှာတယ်

သေတော့မှာလား

နာကျင်နေတဲ့ကြားထဲက
ဝေဝါးလာတဲ့
မျက်ဝန်းတွေကြောင့်
မေးခွန်းထုတ်မိတယ်

ရှောင်ကျန့်ဆီသွားချင်တယ်

ရှောင်ကျန့်နဲ့တွေ့ချင်သေးတယ်

ကိုကို......
ငါမင်းကိုလာတွေ့လို့ရတော့မှာလား

တဖြည်းဖြည်းနဲ့
မှေးကျလာတဲ့
မျက်ဝန်းပိပိလေးတွေ

ရှောင်ကျန့်ပဲ
အဲ့ဒိ့မျက်ဝန်းတွေကို
ချစ်တယ်ဆို...

လူးလွန့်နေရာကနေ
အနည်းငယ်သာလှုပ်တော့တဲ့
ခန္ဓာကိုယ်ပါးပါးလေး

ရှောင်ကျန့်ပဲ
အဲ့ဒိ့ကိုယ်သေးသေးလေးက
ဖတ်ကောင်းတယ်ဆို...

နှေးကွေးလာတဲ့
အသက်ရှုသံလေးတွေ

ရှောင်ကျန့်ပဲ
အဲ့ဒိ့အသက်ရှုသံလေးတွေက
ကိုယ့်ပဲဆို....

အရာရာက
ကိုယ်ပဲဖြစ်ချင်တယ်ဆို.....

အခုတော့စွန့်ပစ်ရက်တယ်လား?

ချစ်တယ်..ငါ့ယောက်ျားရယ်

_ကိုကိုရေ.. ငါ့ရဲ့နှလုံးရယ်...

ငါကမင်းမှားသလား?
ငါမှားသလား ?
ဘယ်အရာမှားသလဲ?
ဆိုတာကိုမကြည့်ပဲ

Have A Bun In The OvenTahanan ng mga kuwento. Tumuklas ngayon