ငါ့ကိုမျက်နှာပြောင်တဲ့
ကိုကို့ကိုသေအောင်ထုပစ်မယ်
ငါ့ကိုလျစ်လျူရှုရလားဆိုပြီး
ပြီးရင်
ကစားကွင်းလည်းသွားမယ်
အာတာပူစီစားမယ်
ကျိုးချန်ဆိုတဲ့အပျိုကြီးရှေ့မှာ
ရှောင်ကျန့်ကိုချွဲပြမယ်
အပျိုကြီးသရေကျအောင်လို့
သူကဒီတစ်သက်
လင်မရနိုင်ဘူးလေ။
ပြီးရင်ချော့တဲ့အနေနဲ့
အပျိုကြီးကျိုးချန်ကို
အူဒွန်းကျွေးမယ်
ဟောဒိ့က
ကိုကို့ကလေးလေးရိပေါ်ကလည်း
အူဒွန်း နှစ်ပွဲစားမယ်
"!ဟင်..!. .
ဘယ်ရောက်သွားတာလဲ"
မှန်ကိုလက်နဲ့ကုတ်ခြစ်ပြီး
အလန့်တကြားဆိုလာတဲ့ဝမ်ရိပေါ်
ရိပေါ်ရဲ့မြင်နေရတဲ့အရာတွေက
တကယ်မဟုတ်ဘူးလား
ရှောင်ကျန့်နဲ့တောင်
အတူတူလျှောက်လည်နေပြီလေ
ရိပေါ်စိတ်ကူးယဉ်နေမိတာလား ?
တောက် !တောက်!
ရေဘူးကရေတောင်
လျှံရောပေါ့
ဆေးသောက်လိုက်ရင်
ရိပေါ်တွေးတာတွေ
တကယ်ဖြစ်လာတော့မှာ
"Dream Do Come True!"
အကျယ်ကြီးထအော်ပြန်တဲ့ရိပေါ်
ရေကိုပိတ်လို့
ဆေးသောက်ဖို့ပြင်တယ်
ဒီလောက်များတဲ့ဆေးတွေက
ပါးစပ်ထဲဆန့်ပါမလား?
လည်ချောင်းမှာနင်နေအုံးမှာလား?
ကိစ္စမရှိဘူး
ရှောင်ကျန့်နဲ့တွေ့ဖို့ပဲ
အရင်ကဆေးသောက်ရင်
ဆေးကြောက်တတ်လို့
တစ်အိမ်လုံးကလူတွေဖြစ်တဲ့
ပါပါးနဲ့မာမားက
အာပေါက်အောင်ချော့ပြီး
လိုချင်တာဝယ်ပေး
စားချင်တာဝယ်ကျွေးမှ
ဆေးသောက်တတ်တယ်
ဆိုတာကိုရိပေါ်က
မေ့လျော့နေသလား...
အခုဆေးသောက်ရမှာ
အများကြီးဆိုတာကို
ဆေးကြောက်တဲ့ရိပေါ်က
မေ့လျော့နေသလား....
ဆေးတွေကခါးတယ်ဆိုတာရော
မေ့လျော့နေသလား....
<<<<<<<>>>>>>>>
YOU ARE READING
Have A Bun In The Oven
Fanfictionတန်းတူညီမျှမှုကိုတောင်းဆိုနေတဲ့ကမ္ဘာကြီးမှာ တစ်ခါတစ်ရံအတူတူလုပ်ကြတဲ့အရာတွေက ရလဒ်မတူညီစွာကျန်ရှိနေတတ်တယ်...... မြင်ရတဲ့ရလဒ်ပဲဖြစ်ဖြစ် မမြင်ရတဲ့ရလဒ်ပဲဖြစ်ဖြစ် များစွာကိုလျစ်လျူရှုပြီး မမြင်ရတဲ့ဖိအားတစ်ရပ်ရှိနေတာကို မေ့ဖျောက်ပြီးတော့.....
