"မင်းကိုအရင်ဆုံးရေချိုးပေးမှရမယ်ထင်တယ်"

ဝံပုလွေလေး : "....."

ထို့နောက်ရှောင်ကျန့်ဟာဝံပုလွေသေးသေးလေးကိုကြွက်စုတ်ပုံစံဖြစ်သွားသည်အထိသေချာတိုက်ချွတ်ဆေးကြောပေးလိုက်သည်။ဝံပုလွေလေး၏နူးညံ့နက်မှောင်သောအမွှေးများကိုနူးညံ့သောတဘတ်ဖြင့်သုတ်ပေးသည်။ဝံပုလွေလေးဟာတော့ရှောင်ကျန့်လုပ်ပေးသမျှကိုလိမ္မာစွာဖြင့်ပင်ငြိမ်ခံနေရင်းသူ့ရဲ့အနက်ရောင်ခေါင်းလုံးလုံးလေးကိုတောင်ပင့်ပေးထားသေးသည်။

တစ်ကိုယ်လုံးကိုသုတ်ပေးပြီးသည်နှင့်ဝံပုလေနက်လေး၏နူးညံ့သောအမွှေးလေးတွေမှာဖွာဖွာလေးဖြစ်ကုန်တာကြောင့်မသိရင်အနက်ရောင်အလုံးလေးနဲ့တောင်တူနေသေး၏။

ရှောင်ကျန့်ကမနေနိုင်စွာပင်၎င်းအနက်ရောင်အလုံးလေးအားတစ်ချက်လောက်ဖြစ်ညှစ်လိုက်မိသည်။

အရမ်းချစ်စရာကောင်းတာပဲ.....

"ဒီအပေါ်မှာပဲနေနော်.....ငါရေချိုးလိုက်ဦးမယ်....လျှောက်ပြေးမနေနဲ့ဦး....ဟုတ်ပြီလား"

ရှောင်ကျန့်က၎င်းအနက်ရောင်အလုံးလေးကိုသေချာမှာကြားလိုက်ရင်းသူ့ရဲ့တော်ဝင်ဝတ်စုံအားချွတ်လိုက်သည်။

ဝံပုလွေလေးဟာသူ့ရဲ့လက်သေးသေးလေးနဲ့သူ့မျက်လုံးလေးတွေကိုချက်ချင်းအုပ်လိုက်သည်။သို့သော်ချက်ချင်းသူ့ရဲ့လက်လေးကိုအနည်းငယ်ဖယ်လိုက်ရင်းရှောင်ကျန့်၏သွယ်လျလှပပြီးတုနှိုင်းမဲ့တဲ့ခန္ဓာကိုယ်လေးကိုခိုးကြည့်ပြန်သည်။

ဝံပုလွေသေးသေးလေး၏မျက်ဝန်းနက်လေးတစ်စုံတွင်ပူလောင်ပြင်းပြသည့်ဆန္ဒတစ်ချို့ပေါ်ပေါက်လာသည်။ကံဆိုးစွာဖြင့်ရှောင်ကျန့်မှာအပေါ်ဝတ်စုံလောက်သာချွတ်လိုက်တာကြောင့်ဝံပုလွေလေး၏မျက်ဝန်းထဲတွင်စိတ်ပျက်မှုတစ်ချို့ထင်ဟပ်သွားသည်။

ရှောင်ကျန့်ဟာရေချိုးဆောင်အတွင်းသို့ဝင်ရောက်သွားသည်။ရေချိုးဆောင်ထဲတွင်အတော်လေးကြီးမားသည့်ရေပူဆမ်းကဲ့သို့ခပ်ကြီးကြီးကန်ကြီးတစ်ခုရှိသည်။သူလက်ကျန်ဘောင်းဘီရှည်ကိုချွတ်ချလိုက်ရင်းရေချိုးကန်ထဲသို့အေးဆေးစွာဝင်သွားသည်။ရှောင်ကျန့်ကသူ့မျက်နှာရှိမြေခွေးမျက်နှာဖုံးကိုပါချွတ်လိုက်သည်။

system 091 Where stories live. Discover now