နောက်ဆုံးသူတို့လေလံအဖွဲ့မှာ၎င်းဝံပုလွေနက်လေးကြောင့်လူပေါင်းများစွာဆုံးရှုံးသည့်ဒဏ်ကိုမခံစားနိုင်တော့ပဲစောစောစီးစီးရောင်းထွက်ဖို့ရန်ကြံစည်လိုက်ကြခြင်းဖြစ်သည်။ဤအခါမှသူတို့ဆုံးရှုံးသွားသည့်အရာများကိုအနည်းငယ်ကာမိကြောင်းခံစားမိမည်ဖြစ်သည်။သူတို့မှာဒီဝံပုလွေကိုဈေးမြှင့်လိုက်မိရင်ဝယ်မယ့်သူမရှိမှာစိုးလို့ဈေးတောင်အရမ်းကြီးမမြှင့်တင်ရဲကြချေ။

အကယ်၍လှောင်ချိုင့်ကိုသာဖွင့်ပေးလိုက်ရင်ဒီကလူတွေအကုန်လုံးသေသွားပေလိမ့်မည်။

လေလံပွဲ၏စီစဥ်သူအဘိုးကြီး၏အတွေးများထဲရှိလွန်စွာကြောက်ရွံ့တုန်လှုပ်ဖွယ်အဆအင်မတန်အားအင်ကြီးမားလှသည့်အမောင်ဝံပုလွေသေးသေးလေးသည်ယခုအချိန်၌ဝတ်ရုံနက်ကြီးချုံထားသည့်ရှောင်ကျန့်ကိုသာတစ်ချိန်လုံးမျက်တောင်မခတ်တမ်းသူ့ရဲ့မျက်ဝန်းဝိုင်းကြီးတွေဖြင့်စိုက်ကြည့်နေသည်။

ဝံပုလွေလေး၏ကိုယ်တွင်းဆဲလ်တွေမှာထိုသူအနားသို့ရောက်လာသည်နှင့်ပိုမိုတုန်ရင်လာပြီးစိတ်လှုပ်ရှားမှုတွေမှာထိန်းချုပ်၍ပင်မရတော့ပေ။

သူဒီလူ့ကိုလွန်စွာထိတွေ့ချင်လာသည်။

ရှောင်ကျန့်ကတုန့်ဆိုင်းကြောက်လန့်နေသည့်စီစဥ်သူအဘိုးကြီးအားမျက်မှောင်တစ်ချက်ကြုတ်ကာကြည့်လိုက်သည်။ဒီလူဒါလေးလုပ်ခိုင်းတာကိုဘာတွေဖြစ်ပျက်ပြနေတာလဲ။

"ငါပြောတာနားလည်ရဲ့လား..."

ရှောင်ကျန့်၏လေသံထဲရှိတင်းမာအေးစက်မှုများကိုသတိထားမိသွားသည့်အဘိုးအိုသည်တုန်တုန်ရီရီဖြင့်ပင်လှောင်ချိုင်းတံခါးအားဖွင့်လိုက်သည်။ချက်ချင်းပင်ကိုယ့်ကိုယ်ကိုကာကွယ်လိုက်ပြီးအသင့်အနေအထားဖြင့်စောင့်ကြည့်လိုက်သည်။

အဘိုးကြီးနှင့်လေလံအိမ်ရှိအစေခံတွေစိတ်ထဲ၌ချက်ချင်းသွေးတွေလွင့်ထွက်လာတော့မည်ဖြစ်ကြောင်းထင်လိုက်ချိန်၌ဝံပုလွေသေးသေးလေးမှာအားယူကာခုန်လိုက်ပြီးရှောင်ကျန့်၏ရင်ခွင်ထဲသို့အားရပါးရခုန်ဝင်လိုက်သည်။

system 091 Où les histoires vivent. Découvrez maintenant