(T/N : နှင်းဆီရောင်မျက်မှန် = အမြဲတမ်း အကောင်းမြင်တတ်တဲ့သူမျိုး။ positive vibesမျိုးပေါ့။

ဒီမှာ ချိယွီက 'ရှီးယွီရှင်းနဲ့မူလချိယွီတို့ရဲ့ အတိတ်က အမှတ်တရတွေကြောင့် ‌ရှီးယွီရှင်းကမူလချိယွီကို ဘက်လိုက်ပြီးပြောမှာကို' ဆိုလိုထားတာဖြစ်ပါလိမ့်မယ်။ )

ရှီးယွီရှင်း ခဏလောက်စဉ်းစားလိုက်ပြီးနောက် နောက်ဆုံးမှာတော့ သူ့ရဲ့ခေါင်းကိုခါပြကာပြောလာခဲ့တယ်။"မဟုတ်ဘူး၊ ငါလည်း မူလချိယွီပြောတာကြားခဲ့တာ။

သူက အရမ်းသီးသန့်ဆန်ပြီး၊ အမြဲတမ်းတစ်ယောက်တည်းနေတတ်တယ်။ပြီးတော့ သူ့ရဲ့အကြောင်းတွေကိုလည်း တခြားသူတွေကို ပြောခဲတယ်။ငါသူ့ကို 5နှစ်ကြာအောင်သိလာခဲ့ပေမယ့် သူ့ရဲ့အိမ်ကိုတော့တစ်ခါတောင်မရောက်ခဲ့ဖူးဘူး။ သူ့အိမ်က အရမ်းဆင်းရဲတယ်ဆိုတာဘဲ ငါသိခဲ့တာ။"

(T/N : မူလချိယွီရဲ့ မိသားစုအိမ်ကိုပြောတာပါ။)

"တကယ်တော့ အဲဒီနေ့က ငါလည်းဘားမှာ ရှိနေခဲ့တာ။ သူနှင်ထုတ်ခံရပြီး နောက်ပိုင်းမှာ သူဆက်ပြီးသည်းမခံနိုင်တော့ဘူးလို့ ငါ့ကိုပြောလာခဲ့တယ်။"

ချိယွီက ခေါင်းငြိမ့်ပြီး ဘာမှဆက်ပြောမလာခဲ့ဘူး။

ရှီးယွီရှင်း သူ့ရဲ့ဘီယာခွက်ကို ကောက်ကိုင်လိုက်တယ်။

ချိယွီလည်း သူ့ရဲ့ဘီယာခွက်ကိုကိုင်လိုက်ကာ ရှီးယွီရှင်းနဲ့ခွက်ချင်းတိုက်လိုက်တယ်။ခဏအကြာမှာတော့၊ အခန်းက တိတ်ဆိတ်မှုတွေကြီးစိုးသွားခဲ့တယ်။

Crawfishက အလွန်ကိုအရသာရှိနေတာကြောင့်၊ဒီလိုအခြေအနေမျိုးမှာတော့ နှစ်ယောက်သား ဖြေးညှင်းစွာသာ crawfishကို ဆက်စားနေလိုက်ကြတယ်။

ခဏအကြာမှာတော့ ရှီးယွီရှင်းက စကားစလာခဲ့ပြန်တယ်။"အနာဂတ်အတွက် မင်းရဲ့အစီအစဉ်ကဘာလဲ?"

ချိယွီ : "ငါ့လက်နှစ်ဖက်နဲ့ကလေးကိုပျိုးထောင်ရင်း စာလေ့လာတဲ့ဘက်ကိုလည်း အာရုံစိုက်မယ်။ပြီးရင် ငါ့ကိုယ်ပေါ်ကအမှတ်ကို ဖယ်ရှားဖို့ ရက်ချိန်းယူရမယ်။ကျန်တာကိုတော့ အထက်တန်း ပြီးမှ ဆက်ပြောကြတာ‌ပေါ့။"

『omegaဖြစ်ပြီး‌နောက်ကိုယ်ဝန်ရှိမှန်းသိရ,omegaဖြစ်ပြီးနောက်ကိုယ်ဝန်ရှိမှန်းသိရ』Where stories live. Discover now