Uni
အရာရာဟာ
ဒီအကြောင်းကနေပြီး
စမှားတယ်ဆိုရင်တော့
နောက်ကြောင်းပြန်လှည့်ပြီး
ဒီအကြောင်းတွေမရှိအောင်
လုပ်မိမယ်ထင်....
<<<<<<<>>>>>>>
ဘာယ်သူ့ဘယ်သူကိုမှ
အပစ်မဆိုချင်ဘူး
ဖြစ်သမျှအရာအားလုံးက
မကောင်းတဲ့ကံ အပေါ်ပဲ
ပုံချရမလိုဖြစ်နေပြီ
တောင်းပန်ပါတယ် ကျိုးချန်...
ငါမလိမ္မာချင်ဘူး..
တကယ်ကိုတောင်းပန်ပါတယ်...
************
နောက်နေ့မနက်မှာမိဘခေါ်ခဲ့ပြီး
ဝမ်ရိပေါ်ရဲ့ကျောင်းထွက်ခြင်း
အမှုကပြီးဆုံးပြီး
လော့ကာကိုရှင်းကာ
အိမ်ပြန်လာခဲ့တယ်
************
"သားသား..ရိပေါ်
မာမားကိုသေချာပြောပြပါကွယ်"
"ဟေ့ကောင်..ရိပေါ်မင်းထွက်ခဲ့..
မင်းနဲ့ငါစာရင်းရှင်းမယ်"
"အဖေကြီးရယ်စိတ်လျေ့ာပါအုံး။
သားသား အပြင်ထွက်ပြီး
ပြောပါအုံးကွယ်"
ကျောင်းကပြန်လာပြီးကတည်းက
အခန်းတံခါးလော့ချပြီးနေနေတဲ့
ရိပေါ်ကို ပါးနဲ့မားက
အပြင်ကခေါ်နေခြင်းပင်
"အော့...ဝေါ့.. "
"သားသား..အဆင်ပြေလား..
မာမားကိုတံခါးလေးဖွင့်ပေးပါကွယ်"
"ဝေါ့..မား..မလာနဲ့ ။အဆင်ပြေတယ်"
"ရိပေါ်..!!! မင်းတံခါးဖွင့်စမ်း။
မင်းမို့လို့စောက်ရှက်မရှိလုပ်တယ်
ငါ့တို့မိဘတွေအတွက်သိက္ခာလေး
ဘာလေးထည့်မတွက်ဘူးလား
ဘာမဟုတ်တဲ့ယောကျာ်းတစ်ယောက်
အတွက်နဲ့မဟုတ်မဟက်
ကိုယ်ဝန်ရှိပါတယ်ဆိုပြီးပြောရဲတယ်။
မင်းကွာ..မင်းး
ငါ့သားပြောရမှာတောင်ရှက်တယ်"
ဝမ်ပါပါးရဲ့
ကြိတ်မနိုင်ခဲမရအသံတွေကြောင့်
အိမ်ခန်းထဲမှာထိုင်ပြီးငိုနေတဲ့
ရိပေါ်ဟာဖြေရှင်းဖို့
အခန်းပြင်ကိုအမြန်ထွက်လာတယ်
"ပါး..ပါပါး..သားတကယ်ပြောတာပါ။
သားမှာကိုယ်ဝန်တကယ်ရှိတာပါ..
ပါပါး မာမား....သားကိုယုံပါနော်"
"ခွေးလိုကောင်...!!
မင်းကိုငါသတ်မိတော့မယ်။
မင်းစောက်ပါးစပ်ကနေ
ကိုယ်ဝန်ဆို တဲ့
အရည်မရအဖတ်မရစကားတွေ
ထွက်လာရင်သေမယ်။
သတ်ပစ်မယ်!"
"သားသားရယ်..
မဟုတ်တာတွေမပြောရဘူးလေကွယ်
အဖေကြီးလည်းစိတ်လျော့ပါ"
"သားတကယ်ပြောတာပါ။
သားမှာကိုယ်ဝန်..."
ခွပ်!!!!
"အဖေကြီး..ရှင်!!"
တစ်သက်နဲ့တစ်ကိုယ်
လက်မပါဖူးတဲ့ဝမ်ပါးက
သူဂွမ်းလုံးလေးလိုတန်ဖိုးထားတဲ့
သူ့ရဲ့သားဝမ်ရိပေါ်ကို
ထိုးလိုက်တာကြောင့်ဝမ်မာမား
မျက်ကလူးဆန်ပြာနဲ့အော်မိတယ်
သားသားကလည်း
ကြမ်းပြင်ဝယ်အပုံလိုက်ကလေး...
"ပါး..ပါးသားကို..ဟင့်"
သူ့ကိုရိုက်ဖို့မပြောနဲ့
ခပ်ကြမ်းကြမ်းတောင်
မဆူဖူးတဲ့ပါပါးက
ထိုးလိုက်တာကြောင့်
မယုံကြည်နိုင်တဲ့မျက်လုံးတွေနဲ့
ရိပေါ်မော့ကြည့်မိတယ်
"အားး!!. ..ရိပေါ် မင်းထွက်သွား..
ထွက်သွား..
ဒီအိမ်ကနေထွက်သွားတော့..."
"ပါး..မဟုတ်"
"ထွက်သွား..ရော့ယူသွား
အဲ့ပိုက်ဆံတွေအကုန်...
မင်းမှာကိုယ်ဝန်ရှိတယ်
ဆိုလည်းသွားမွေးလိုက်။
ထွက်သွားပြန်မလာနဲ့"
"ပါပါး..!"
"ယောကျာ်း..!"
"ထွက်သွား..!!
အခုချက်ချင်းထွက်သွား။
ငါတို့လင်မယားရှေ့ပေါ်မလာနဲ့
ပေါ်လာတာနဲ့မင်းကိုသတ်ပြီး
ငါလည်းသေပစ်မယ်"
<<<<<<<<<<>>>>>>>>>
တန်းတူညီမျှမှုကိုတောင်းဆိုနေတဲ့ကမ္ဘာကြီးမှာ
တစ်ခါတစ်ရံအတူတူလုပ်ကြတဲ့အရာတွေက
ရလဒ်မတူညီစွာကျန်ရှိနေတတ်တယ်......
မြင်ရတဲ့ရလဒ်ပဲဖြစ်ဖြစ်
မမြင်ရတဲ့ရလဒ်ပဲဖြစ်ဖြစ်
များစွာကိုလျစ်လျူရှုပြီး
မမြင်ရတဲ့ဖိအားတစ်ရပ်ရှိနေတာကို
မေ့ဖျောက်ပြီးတော့.....
<<<<<<<>>>>>>>>
ဘယ်သူမှားလဲ..?
ဘယ်သူမှန်လဲ..?
With LOVE ..... 💚
ValentinaOrtiz-MTZ
MAY🍀(Phyu Tote)
=ဘယ်သူ့ကိုမှအပစ်မတင်ပဲ
ဟောဒိ့ကဖြူတုတ်ကိုပဲအပစ်တင်ကြပါ😊
YOU ARE READING
Have A Bun In The Oven
Fanfictionတန်းတူညီမျှမှုကိုတောင်းဆိုနေတဲ့ကမ္ဘာကြီးမှာ တစ်ခါတစ်ရံအတူတူလုပ်ကြတဲ့အရာတွေက ရလဒ်မတူညီစွာကျန်ရှိနေတတ်တယ်...... မြင်ရတဲ့ရလဒ်ပဲဖြစ်ဖြစ် မမြင်ရတဲ့ရလဒ်ပဲဖြစ်ဖြစ် များစွာကိုလျစ်လျူရှုပြီး မမြင်ရတဲ့ဖိအားတစ်ရပ်ရှိနေတာကို မေ့ဖျောက်ပြီးတော့.....
