[hostဒီတစ်ခေါက်ပညာရပ်တွေသင်စရာမလိုတော့ဘူး....]

"ဘာဖြစ်လို့လဲ"

[ဟီး...ဟီး.....ကျွန်တော်တို့မှာအလိုလျောက်တတ်မြောက်ခြင်းစနစ်ရှိသွားပြီလေ]

"အဲ့ဒါဘာကြီးလဲ"

[hostအနေနဲ့ဒုတိယဘဝမှာတုန်းကတိုက်ခိုက်ရေးပညာရပ်ကိုကူးယူထားပေမယ့်သိပ်မကျွမ်းကျင်ဘူးမဟုတ်လား]

"အင်း"

[အလိုလျောက်တတ်မြောက်ခြင်းစနစ်ဆိုတာhostကူးယူထားတဲ့ပညာရပ်တွေကိုနှစ်ပေါင်းများစွာကျွမ်းကျင်ထားသလိုကျွမ်းကျွမ်ကျင်ကျင်အသုံးပြုနိုင်သွားလိမ့်မယ်]

"ဝိုး....မိုက်တော့မိုက်သား"

[ဒါကြောင့်ပေါ့hostရဲ့...]

အုန်းသီးကဂုဏ်ဆာစွာပြုံးသည်။

[အဟမ်း....အလိုအလျောက်တတ်မြောက်ခြင်းစနစ်စတင်ကူးယူပါပြီ.....20%...40%...70%...100%....ကူးယူမှုပြီးစီးပါပြီ.....host..နောက်ကမ္ဘာကိုသွားတော့မလား.....]

"အင်း"

[3..2..1..0...တတိယမြောက်ကမ္ဘာမှာလည်းကံကောင်းပါစေhost]

ထိုနောက်နာကျင်မှုနဲ့အတူရှောင်ကျန့်မျက်လုံးတွေဟာအမှောင်ကျသွားခဲ့သည်။

*************

ရှောင်ကျန့်သတိဝင်ချိန်၌သူ့ဘေးပတ်ဝန်းကျင်မှာဆူညံနေကြောင်းသတိထားမိသွားသည်။သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုအနက်ရောင်ခြုံထည်ကြီးဖြင့်ဖုံးအုပ်ထားပြီးသူ့ဘေးပတ်ဝန်းကျင်ရှိလူတော်တော်များများကလည်းသူ့လိုဝတ်ဆင်ထားသည်။

"ဖေးလစ်....ဘာတွေကြောင်နေတာလဲ...သွားမယ်လေ"

သူ့ဘေးရှိလူစိမ်းကကြောင်တောင်တောင်ဖြင့်ရပ်နေသည့်ရှောင်ကျန့်ကိုလှမ်းသတိပေးကာတစ်နေရာဆီသို့ဦးဆောင်သွားသည်။ရှောင်ကျန့်ကထိုလူစိမ်းနှင့်အတူကပ်လိုက်သွားရင်းဘေးပတ်ဝန်းကျင်အားလှည့်ပတ်ကြည့်ရှု့လိုက်သည်။

၎င်းကခန်းမကျယ်ကြီးဖြစ်ပြီးရှေးခေတ်ဥရောပစတိုင်ဖြင့်သန့်ရှင်းသပ်ရပ်ကာတစ်မူထူးခြားလှပသည်။ခန်းမကျယ်ကြီး၏အလည်တွင်မြင့်မားသည့်စင်မြင့်တစ်ခုရှိသည်။ကြည့်ရသည်မှာလေလံခန်းမသို့ရောက်ရှိနေခြင်းဖြစ်နိုင်သည်။

system 091 Where stories live. Discover now