"အဟင်း..မင်းကလည်း ..
ငါကပျော်သွားလို့ပါကွ။
ရှောင်ကျန့်ငါမင်းကိုစောင့်နေတာ
ပြောစရာရှိလို့..အဟင့်..
မင်းသိရင်ပျော်မလားတော့မသိပေမဲ့ပေါ့"
"ဟေ့ရိပေါ်ပေါ်..မငိုရဘူးလေ"
"ရှောင်ကျန့်..ရှောင်ကျန့်
ငါ့မှာကိုယ်ဝန်ရှိနေတယ်တဲ့"
"ကျိုးချန်..သူကဘယ်သူလဲ..
ပြီးတော့ ဘာတွေပြောနေတာလဲ"
"ဟင်!!"
"ဟမ်!!"
ရှောင်ကျန့်လက်ဖျားတွေကို
သူ့လက်သေးသေးလေးတွေနဲ့
အုပ်ကိုင်ပြီး
အမောတကောပြောနေတဲ့ရိပေါ်က
မယုံကြည်နိုင်တဲ့မျက်လုံးပိပိလေးတွေနဲ့
မော့ကြည့်လာသလို
ရှောင်ကျန့်ဂုတ်ကိုလှမ်းဖက်ထားတဲ့
ကျိုးချန်ကလည်း
မျက်လုံးတွေပြူးထွက်မတတ်ပဲ
စောင်းကြည့်လာတယ်
"ရှောင်..ရှောင်ကျန့်..
ကိုကိုက နောက်ပြန်ပြီ..အဟင်း
ကျိုးချန်ရေ
ရှောင်ကျန့်ကမျက်နှာပိုးကိုမသေဘူး"
"အဟားဟား..
ရှောင်ကျန့်သောက်ခွက်မပြောင်နဲ့"
ရယ်ကျဲကျဲနဲ့ကျိုးချန်ကဆိုပြန်တော့
"ငါမသိလို့မသိဘူးပြောတာပေါ့ကွ..
မင်းကကျောင်းသားအသစ်လား
ကောင်လေး"
မခေါ်စဖူး နာမည်အထူးတွေပါ
ခေါ်လာတာကြောင့်
ရိပေါ်ရဲ့မျက်လုံးလေးတွေဟာ
ခပ်ကျုံ့ကျုံ့..
"ကိုကိုမင်းငါ့ကိုမသိဘူး...
.ဟုတ်လား?ရှောင်ကျန့်ရဲ့"
"အဲ့လိုမလုပ်ကောင်းဘူးလေကွာ..
ရှောင်ကျန့်ရ..
ရိပေါ်မှာမင်းနဲ့ရတဲ့ကိုယ်ဝန်ရှိနေတယ်"
ကျိုးချန်ရဲ့အသံကျယ်သွားလို့ထင်ရဲ့
ကြွက်စီကြွက်စီနဲ့ပြောလာကြပြီး
ရိပေါ်ကိုကွက်ကြည့်ကွက်ကြည့်နဲ့
လုပ်သူကလုပ်..
ဒီလိုအခြေအတင်နဲ့ပုံစံ
အခြေအနေတွေကို
Video ရိုက်သူရိုက်နဲ့ဖြစ်ကုန်တယ်
"မတွေ့ရတဲ့ရက်တွေအတွင်းမှာ
မင်းကအခြေအမြစ်မရှိတာတွေ
ပြောတတ်လာတာပဲကွ ကျိုးချန်ရ"
"အဟင့်..ကိုကို မင်းအဲ့လိုမလုပ်ပါနဲ့"
"ရှောင်ကျန့်!. .
မင်းစောက်ခွက်ပြောင်တာတွေ
ရပ်လိုက်တော့..
ဒီကိစ္စကနောက်ပြောင်လို့ကောင်းတဲ့အရာ
မဟုတ်ဘူးကွ!!"
YOU ARE READING
Have A Bun In The Oven
Fanfictionတန်းတူညီမျှမှုကိုတောင်းဆိုနေတဲ့ကမ္ဘာကြီးမှာ တစ်ခါတစ်ရံအတူတူလုပ်ကြတဲ့အရာတွေက ရလဒ်မတူညီစွာကျန်ရှိနေတတ်တယ်...... မြင်ရတဲ့ရလဒ်ပဲဖြစ်ဖြစ် မမြင်ရတဲ့ရလဒ်ပဲဖြစ်ဖြစ် များစွာကိုလျစ်လျူရှုပြီး မမြင်ရတဲ့ဖိအားတစ်ရပ်ရှိနေတာကို မေ့ဖျောက်ပြီးတော့.....
