"ဒီမှာ..ဆရာဝန်။
ခင်ဗျားမသိရင်လည်းဖယ်လိုက်တော့.."
"ကျိုးချန်ရေ..!"
"ဆရာ..
ကျွန်တော်ဘာဖြစ်လို့လဲ ခင်ဗျ"
"လိင်ပြောင်းခွဲစိတ်တာမျိုးလုပ်ဖူးလား။
Transgenderလား"
"ဟင့်အင်း"
ခေါင်းခါပြကာငြင်းလာတဲ့
ရိပေါ်ကြောင့်
ဆရာဝန်ကသက်ပြင်းချပြီး
"ဒိကိုခဏလောက်ကြည့်စေချင်တယ်"
ဆိုကာ Screen ကိုလက်ညိုးထိုးပြတယ်
ရိပေါ်လည်းလှဲနေရာမှ
အနည်းငယ်ကိုယ်ကိုကြွပြီး
လက်နောက်ပြန်ထောက်ကာ
Screen ကိုလှမ်းကြည့်သလို
ကျိုးချန်ကလည်း
ကုတင်ပေါ်လက်ထောက်ပြီး
Screen ကိုကုန်းကြည့်တယ်
"ဘာတွေလဲ ဟင်"
"မင်းလိုကဖြစ်ခဲလိမ့်မယ်။"
"ဟင်?"
"ကျောင်းသား..
မင်းမှာကိုယ်ဝန်ရှိနေတယ်"
"ဟင်!!"
"ရူးနေလား..!!
ရိပေါ်ပေါ်ကယောကျာ်းလေးလေ။
ဘယ်လိုလုပ်ကိုယ်ဝန်ရှိမှာလဲ"
ပေါက်ကရတွေပြောနေတဲ့ဆရာဝန်ကို
ကျိုးချန်အော်ထုတ်မိပြန်တယ်
ဒိဆရာဝန်စာကျက်တာများပြီး
ချောင်နေပြီနဲ့တူတယ်
ကုတင်ပေါ်ကရိပေါ်ပေါ်က
ရှုပ်ထွေးနေတဲ့မျက်နှာနဲ့..
"ဒီမှာ..ေကျာင်းသား။
ဆရာ့ကိုမယုံရင်
မင်းသူငယ်ချင်းကိုခေါ်သွားပြီး
တခြားဆေးရုံမှာသွားစစ်လို့ရတယ်"
"ဒီက ကျောင်းသားမှာ
ပုံမှန်မဟုတ်တဲ့
မျိုးဆက်ပွားစနစ်ရှိနေတာမျိုး
ထင်တယ်.."
"ခန္ဓာကိုယ်တစ်ခုတည်းမှာ
လိင်ကွဲနှစ်ခုရှိနေတာကြားဖူးလား"
"ကလေးကအရွယ်အစား
နဲနဲမြင်နေရပြီဆိုတော့
အရွယ်အစားအရ
၁၂ ပတ်လောက်ရှိပြီ
ပြောမယ်ဆို ၃ လထဲမှာပေါ့"
Screen ကိုအသဲအသန်
ထကြည့်ပြန်တဲ့ရိပေါ်...
"ကျန်းမာမယ့်ပုံပဲ ..
နှလုံးခုန်သံသဲ့သဲ့လေးကြားရတယ်
နောက်တစ်လ လောက်နေရင်
သမီးလေးလား
သားလေးလားဆိုတာ
ကြည့်လို့ရပြီ..ဂုဏ်ယူပါတယ်"
<<<<<<<>>>>>>>>
"ဟိုနေ့က ကျိုးချန်ပြောတာ
မှန်တယ်ထင်တယ်..
ရိပေါ်ရဲ့ဗိုက်ကပိုပိုပူလာတာတွေ့တယ်"
"ရိပေါ်ကတကယ်ပဲ ဗိုက်ကြီးနေတာလား"
"ရှောင်ကျန့်ကလည်းကျောင်းမလာဘူး"
"သူတို့နှစ်ယောက်ကပြတ်သွားပြီလား"
"ရှောင်ကျန့် တာဝန်မယူဘူးလား"
စတဲ့..စတဲ့ အသံတွေကိုကြားရတာ
ရိပေါ်မေ့လဲပြီးတဲ့နေကတည်းက..
ဒုန်း!!!!
"မင်းတို့စောက်ပေါက်တွေကို
ပိတ်ထားလို့မရဘူးလား..ဟမ်"
သည်းမခံနိုင်တဲ့ကျိုးချန်က
လွယ်အိတ်ကိုပစ်ချကာ
ထပြီးအော်တယ်
ဒါတောင်တီးတိုးတီးတိုးပြောနေတုန်းပဲ
ရိပေါ်ကိုစနောက်မိခဲ့တဲ့
ကိုယ့်ပါးစပ်ကိုယ်တောင်
ဆွဲဖြဲပစ်ချင်တယ်
ရိပေါ်ပေါ်လေးကိုလှမ်းကြည့်တော့လည်း
မျက်လုံးသေလေးတွေနဲ့ထိုင်နေတယ်
ရိပေါ်ပေါ်လေးကိုကြည့်နေရင်းမှ
ကျိုးချန်ဟိုနေ့ကရှောင်ကျန့်အိမ်ကို
သွားပြီးတွေ့တဲ့အကြောင်း
ပြန်တွေးမိပြီးဒေါသထွက်တယ်
<<<<<<<>>>>>>>>>
ဘယ်သူမှားလဲ..?
ဘယ်သူမှန်လဲ..?
With LOVE ..... 💚
ValentinaOrtiz-MTZ
MAY🍀(Phyu Tote)
4.3.2022
=Mpregပါနော်
=My Vitamin-e လေးတွေရေ ကြိုက်ရင်ကြိုက်ကြောင်းလေးပြကြပြောကြပါလို့ 😑
YOU ARE READING
Have A Bun In The Oven
Fanfictionတန်းတူညီမျှမှုကိုတောင်းဆိုနေတဲ့ကမ္ဘာကြီးမှာ တစ်ခါတစ်ရံအတူတူလုပ်ကြတဲ့အရာတွေက ရလဒ်မတူညီစွာကျန်ရှိနေတတ်တယ်...... မြင်ရတဲ့ရလဒ်ပဲဖြစ်ဖြစ် မမြင်ရတဲ့ရလဒ်ပဲဖြစ်ဖြစ် များစွာကိုလျစ်လျူရှုပြီး မမြင်ရတဲ့ဖိအားတစ်ရပ်ရှိနေတာကို မေ့ဖျောက်ပြီးတော့.....
