ဒါတောင်တီးတိုးတီးတိုးပြောနေတုန်းပဲ

ရိပေါ်ကိုစနောက်မိခဲ့တဲ့
ကိုယ့်ပါးစပ်ကိုယ်တောင်
ဆွဲဖြဲပစ်ချင်တယ်

ရိပေါ်ပေါ်လေးကိုလှမ်းကြည့်တော့လည်း
မျက်လုံးသေလေးတွေနဲ့ထိုင်နေတယ်

ရိပေါ်ပေါ်လေးကိုကြည့်နေရင်းမှ
ကျိုးချန်ဟိုနေ့ကရှောင်ကျန့်အိမ်ကို
သွားပြီးတွေ့တဲ့အကြောင်း
ပြန်တွေးမိပြီးဒေါသထွက်တယ်

<<<<<<<>>>>>>>>>

ဘယ်သူမှားလဲ..?
ဘယ်သူမှန်လဲ..?

With LOVE ..... 💚
ValentinaOrtiz-MTZ
MAY🍀(Phyu Tote)

4.3.2022

=Mpregပါနော်

=My Vitamin-e လေးတွေရေ ကြိုက်ရင်ကြိုက်ကြောင်းလေးပြကြပြောကြပါလို့ 😑




Uni

အရာရာဟာ
ဒီအကြောင်းကနေပြီး
စမှားတယ်ဆိုရင်တော့
နောက်ကြောင်းပြန်လှည့်ပြီး
ဒီအကြောင်းတွေမရှိအောင်
လုပ်မိမယ်ထင်....

<<<<<<<>>>>>>>

ကျောင်းဆေးခန်းရောက်ပြီး
ခဏအကြာမှာ
ရိပေါ်ကပြန်သတိရလာခဲ့ပြီး
ဆရာကစမ်းသပ်နေတုန်းဖြစ်တယ်

မျက်မှောင်ကြုပ်ခါ
စဥ်းစားနေတဲ့ဆရာဝန်ကြောင့်
လူရှည်ပေမဲ့စိတ်မရှည်တဲ့ကျိုးချန်က
ထအော်တယ်

"ခင်ဗျား။စမ်းသပ်လို့မပြီးတော့ဘူးလား..
ဆရာဝန်မဟုတ်ဘူးလား..ဟမ်"

"ကျိုးချန်!"

"ဟင်း.."

ရိပေါ်ဝင်ဟန့်တော့မှပဲ
စမ်းသပ်ပေးနေတဲ့ဆရာဝန်ကို
မျက်စောင်းထိုးပြီး
ရိပေါ်ကိုကြည့်လာတဲ့ကျိုးချန်

"ကျွန်တော် ဘာဖြစ်တာလဲ ဆရာ။
ရောဂါတွေဘာတွေများရှိလို့လား?"

"အင်း..မင်းကိုဆရာ
အာထရာဆောင်းလေး
နဲနဲဆွဲကြည့်မယ်နော်"

"အော..ဟုတ်ကဲ့"

အချိန်တော်တော်ကြာတဲ့အထိ
ဗိုက်ပေါ်ကလက်မချပဲ
screenကိုစိုက်ကြည့်လိုက်
ကုတင်ပေါ်မှာ
ဗိုက်ကလေးပေါ်​ြပီ​းပက်လက်လှန်ကာ
ဆရာဝန်ကို
ပြူးကြောင်ကြောင်လေးကြည့်နေတဲ့
ရိပေါ်ကိုကြည့်လိုက်နဲ့
ဆရာဝန်ကြောင့်
ကျိုးချန်စိတ်မရှည်စွာထပ်အော်မိတယ်

Have A Bun In The OvenWhere stories live. Discover now