အခြေအနေတွေက
တကယ့်ကိုကမောက်ကမရယ်
ပြောမရတဲ့အဆုံးမှာ
ရှောင်ကျန့်ကိုသူ့မိဘတွေက
နယ်ကိုခဏပို့ဖို့စီစဉ်ကြတယ်
ဒါကိုသိသိချင်းမှာ
ရှောင်ကျန့်ကထွက်ပြေးပြီး
ရိပေါ်ဆီထွက်လာခဲ့တယ်
ဒါပေမဲ့
ဝမ်ရိပေါ်ဆီကိုရှောင်ကျန့်
ရောက်မလာခဲ့ပါဘူး
တဖက်ကဝမ်ရိပေါ်ဟာလည်း
ရှောင်ကျန့်ရဲ့
ကိုယ့်ကိုစောင့်နေ။ကိုယ်လာခေါ်မယ်
ဆိုတဲ့စကားတစ်ခွန်းကြောင့်
ညလုံးပေါက်ထိုင်စောင့်နေခဲ့တယ်
<<<<<<<<>>>>>>>>>
အရာရာဟာ
ဒီအကြောင်းကနေပြီး
စမှားတယ်ဆိုရင်တော့
နောက်ကြောင်းပြန်လှည့်ပြီး
ဒီအကြောင်းတွေမရှိအောင်
လုပ်မိမယ်ထင်....
<<<<<<<<>>>>>>>>
မနက်ကတည်းက
မူးနောက်နေတဲ့ခေါင်းကြောင့်
ရေချိုးခေါင်းလျှော်ပြီး
ဆံပင်စုတ်ဖွားနဲ့အခန်းထဲက
ထွက်လာတဲ့ရိပေါ်ကို
"နေမကောင်းဘူးလား
သားလေးရယ်"
"မင်းကြည့်ရတာ
ဖြူဖျော့နေတာပဲ"
"ဘာမှမဖြစ်ပါဘူး မား ။
ဒီအတိုင်းပါပဲ"
"ဆေးခန်းသွားပြမလား သားသား။
မားသူငယ်ချင်းရဲ့ဆေးခန်းက
ဒီနားလေးတင်ပဲ"
"ရပါတယ် မာမား"
"ကဲကဲ ဒီမှာ
သားသားအကြိုက်တွေချည်းပဲ.
. များများစားလိုက်နော်။
အားရှိသွားအောင်..အိုခေ"
"ဟုတ်မာမား"
မာမားတိုးပေးလာတဲ့
ခေါက်ဆွဲသုပ်ပန်းကန်ကို
စိတ်အားထက်သန်စွာနဲ့ယူပြီး
ပါးစပ်ထဲတစ်လုပ်ထည့်လိုက်ချိန်
"အော့...ဝေါ့.."
ပျို့တက်လာတဲ့အရှိန်ကြောင့်
အိမ်သာထဲပြေးအန်မိတယ်
"သားသား..ဘာဖြစ်တာလဲ"
"နံလို့ မား။အန်ချင်တယ်..ဝေါ့"
"မားလည်းဟင်းတွေကို
ပုံမှန်အတိုင်းပဲချက်ထားတာပါကွယ်"
"နေမကောင်းရင်
ဆေးခန်းသွားပြရအောင်လား.
သားသား"
YOU ARE READING
Have A Bun In The Oven
Fanfictionတန်းတူညီမျှမှုကိုတောင်းဆိုနေတဲ့ကမ္ဘာကြီးမှာ တစ်ခါတစ်ရံအတူတူလုပ်ကြတဲ့အရာတွေက ရလဒ်မတူညီစွာကျန်ရှိနေတတ်တယ်...... မြင်ရတဲ့ရလဒ်ပဲဖြစ်ဖြစ် မမြင်ရတဲ့ရလဒ်ပဲဖြစ်ဖြစ် များစွာကိုလျစ်လျူရှုပြီး မမြင်ရတဲ့ဖိအားတစ်ရပ်ရှိနေတာကို မေ့ဖျောက်ပြီးတော့.....
