ချူးလျန်တို့အဖွဲ့တဲနားကို နီးကပ်လာတာနဲ့အမျှ အမျိုးသမီးစစ်သည်တို့ရဲ့ စကားသံတွေကို အသေအချာကြားလာရတယ်။

တဲနားနီးကပ်လာတာနဲ့အမျှ ဝမ်ချင်းရဲ့ အမူအရာတွေက ပိုပြီးအေးစက်လာတယ်၊ သူမ စိတ်ထဲ ချက်ချင်းဘဲ ပြေးထွက်ပြီး အဲ့လူတွေကို ဆူပူကြိမ်းမောင်းပစ်လိုက်ချင်တယ်၊ ဒါပေမယ့် ချူးလျန်က လက်တဖက်နဲ့ သူမကို ပြန်ဆွဲထားတယ်။

" ငါတို့ရဲ့ စစ်သူကြီးက ခေါင်းဆောင်ဟေးအပေါ် အရမ်းကောင်းတာဘဲနော် "

" မဟုတ်လို့လား၊ ခေါင်းဆောင်ဟေးကလည်း အရင်တခေါက်ရှေ့တန်းထွက်တုန်းက ငါတို့ရဲ့ စစ်သူကြီးကို အသက်နဲ့လဲပြီး ကယ်တင်ပေးခဲ့တာလေ၊ ဒီတော့ ငါတို့စစ်သူကြီးက သူ့ကို ကောင်းကောင်းဆက်ဆံမှာပေါ့ "

" အရင်တုန်းက ငါမသိခဲ့ပေမယ့် ခေါင်းဆောင်ဟေးက အရမ်းအရည်အချင်းရှိတာဘဲ "

" ငါပြောရရင်တော့ ငါတို့စစ်သူကြီးနဲ့ခေါင်းဆောင်ဟေးကအလိုက်ဖက်ဆုံးစုံတွဲနဲ့တူတယ်၊ သူတို့နှစ်ယောက်လုံးကစစ်တပ်မိသားစုကနေမွေးဖွားလာကြတာလေအနာဂတ်ကျရင်ငါတို့စစ်သူကြီးက ခေါင်းဆောင်ဟေးနဲ့အတူရှိနေလောက်တယ်"

"ဒါ‌ေပမဲ့ငါကြားတာတော့ခေါင်းဆောင်ဟေးကလက်ထပ်ပြီးပြီတဲ့"

"ဟမ့်၊ ခေါင်းဆောင်ဟေးရဲ့လက်ရှိမိန်းမကဆင်းရဲတဲ့မျိူးရိုးမြင့်သခင်မလေးပါဘဲအဲ့လိုလူမျိူးက ငါတို့စစ်သူကြီးနဲ့ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ"

"ဒါတော့မှန်တယ်ငါတို့စစ်သူကြီးနဲ့ခေါင်းဆောင်ဟေးကြားကဆက်ဆံရေး‌ကအရမ်းကောင်းနေတာဘဲကိုမနေ့ကငါတို့စစ်သူကြီးရှေ့တန်းထွက်တော့တောင်ခေါင်းဆောင်ဟေးကစိတ်မချလို့နောက်ကလိုက်သွားတာမို့လား၊မြောက်ပိုင်းကစစ်ပွဲသာပီးသွားရင်ငါတို့စစ်သူကြီးရဲ့မင်္ဂလာအခမ်းအနားကိုတက်ရောက်နေရလောက်တယ်"

"နေခင်းကြောင်တောင်အိမ်မက်မနေဘဲမြန်မြန်လုပ်တော့စစ်သူကြီးပြန်ရောက်လို့ဒီအဝတ်တွေလျှော်မပီးသေးရင်အပစ်ပေးခံရလိမ့်မယ်"

ချူးလျန်ရဲ့မျက်ခုံးတွေကအနည်းငယ်ကျုံ့သွားတယ်၊သူတို့ရဲ့စကားသံတွေကိုကြားကြားချင်းဘဲချူးလျန်ကမသိသလိုနဲ့လမ်းဆက်လျှောက်ပီးတဲဆီကိုဦးတည်သွားလိုက်တယ်။

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now