Epilogue

974 116 29
                                    

Unicode ver

Oct, 2014

မြင်ကွင်းအနီးမှာလည်းသူသာဝန်းရံသည်
မြင်ကွင်းတဆုံးမှာလည်းသူသာဖြစ်တည်သည်
ကောင်းကင်ယံသာဗလာနိတ္တိဆိုလျှင် ရောင်ပြန်ဟပ်နေတဲ့ပင်လယ်ပြာရဲ့ဖြစ်တည်မှုက ကျွန်တော်နဲ့တူမည်

ကျူငံတဲ့လှိုင်းလုံးကြီးတွေဝယ် နစ်မြုပ်နေတဲ့မွေးရာပါနှလုံးအိမ်အပေါက်ထဲ ချို့တဲ့တဲ့ခံစားချက်တွေအစား ရေပြာတွေနဲ့ဖြည့်ဆည်းပေးပါစေ..

နောက်ဆုံးထွက်သက်အနေနဲ့ မိုးကုပ်စက်ဝိုင်းတစ်ဆုံးဆီက လေနှင်ရာရွေ့ကြရသည့်တိမ်ဖြူများကိုမော့ကြည့်ဖြစ်သည်

မိုးကောင်းကင်ကလှပသတဲ့လား?
ကျွန်တော့်အတွက်တော့ လေထုအလွှာတစ်ရပ်အပြင်မပိုဘူး
နောက်ဘဝများရှိခဲ့ရင်တော့လည်း ကောင်းကင်ကြီးရဲ့အလှအပကို ရင်ထဲအထိခံစားကြည့်ဖူးချင်သေးရဲ့

မျက်ဝန်းလွှာတစ်စုံအားမှိတ်ချလိုက်ရင်း ဆီးကြိုရာပင်လယ်ရေအေးထဲ ခေါင်းတစ်ဆုံးအထိနစ်ချလိုက်သည်

မွန်းကျပ်ခြင်းကပွေ့ပိုက်ပေမယ့် အတုအယောင်ကင်းတဲ့ရေအောက်ကမ္ဘာကထာဝရနေချင်စရာ..

ကူးခတ်နေတဲ့ရောင်စုံငါးအချို့ကသန္တာကျောက်တန်းလွှာတွေကြား အုပ်စုလိုက်ရွှင်မြူးနေလျက်..
လူသားတို့၏ အလိမ်အညာကင်းလွတ်သောလောကတစ်နေရာကအပ်ကျသံမကြားလောက်အောင်တိတ်ဆိတ်နေလိုက်တာ..

ခပ်သာသာပြုံးလိုက်မိပါ၏
ဟန်ဆောင်မှုမပါဘဲ ပြုံးရယ်ဖြစ်တာအချိန်ယန္တရားဘယ်လောက်တောင်ကြာခဲ့ပြီလဲ?

ရေအောက်လွှာထိ စိမ့်ဝင်နေတဲ့နေရောင်ပျပျကပါးချိုင့်ရိပ်ရိပ်ကလေးအပေါ်အနွေးဓာတ်ပေးလို့..

တစ်ဖက်ကမ္ဘာကိုလိုက်ပို့တဲ့သူကမင်းဖြစ်နေလို့တော်ပါသေးတယ် ပင်လယ်...

စိတ်အစုံကိုဖြေလျှော့လိုက်သည့်အခါ အဆုတ်ထဲဝင်ရောက်သောရေငန်တို့ကနှုတ်ဆက်ခြင်း...

သေရတော့မယ်ဆိုတာသိရတော့လည်း တစ်စက္ကန့်လေးဖြစ်ဖြစ်လောကကြီးမှာပိုနေချင်မိသား..
ရူးနှမ်းလိုက်တဲ့လူသားတွေ...

𝚂𝚒𝚗𝚐𝚞𝚕𝚊𝚛𝚒𝚝𝚢 (𝒞ℴ𝓂𝓅𝓁ℯ𝓉ℯ𝒹 )Where stories live. Discover now