Singularity (27)

578 90 38
                                    

Unicode ver

Nov,2021

"အင်း"
"ဟွန်းကိုဂရုစိုက်ပေးပါဦး"
"အင်း ကျေးဇူး ဘောမ်ဂယူ"

ပုခုံးချင်းထိစပ်လျက်နံဘေးမှာထိုင်နေသူသည် ဖုန်းပြောပြီးသည့်အချိန်အထိအပြုံးလက်ကျန်ဖြင့်..

"ဘာတဲ့လဲ?"

"အော် ဘောမ်ဂယူကဒီနေ့ညဟွန်းကိုခေါ်ထားမယ်တဲ့"

"ဒါဆိုကျွန်တော်ပြန်စရာမလိုတော့ဘူးပေါ့"

နှလုံးသားကိုတိုက်ခိုက်တဲ့ပါးချိုင့်လှလှလေးတွေကထင်းခနဲ..

ပုခုံးတစ်ဖက်ထက်မှီချလာသောခေါင်းလုံးလုံးလေးအားခေါင်းလေးစောင်းရင်းတစ်ဆင့်ထက်ကာပြန်မှီချလိုက်တော့ အပြန်အလှန်နားခိုစရာအဖြစ်နွေးနွေးထွေးထွေး

"ယောန်ဂျွန်"

"ဟင်?"

"ယောန်ဂျွန်အကြောင်းတွေအကုန်ပြောပြလို့ရမလား ကျွန်တော်သိချင်တယ်"

"ကိုယ့်အကြောင်း?"

"အင် ချွဲယောန်ဂျွန်ဆိုတဲ့လူသားကိုဟိုးအစကနေအဆုံးသိခွင့်ပေး"

စင်းထားသောခြေထောက်ထက်တင်ထားတဲ့လက်သွယ်သွယ်အားဖမ်းဆုပ်လာသောလက်ကလေးတစ်ဖက်..
လက်ချောင်းအသီးသီးကရစ်နွယ်ယှက်နှောင်သွားရင်းအကြင်နာတွေဖိတ်လျှံလို့..

"ဘယ်ကနေစသိချင်လဲ?"

"ယောန်ဂျွန်ပြောပြချင်တဲ့နေရာကနေ"

"အင်.... ဒါဆိုကိုယ့်ဘဝမှာနောင်တနဲ့အနီးဆုံးဖြစ်ခဲ့တဲ့အတိတ်ကိုပြောပြမယ်"

....................................

August, 2013

အပြည်ပြည်ဆိုင်ရာ အထက်တန်းကျောင်းများ၏ အားကစားပွဲများ အကြိတ်အနယ်ကျင်းပပြီးနောက် မြောင်ဒုန် အထက်တန်းကျောင်းဝန်းတစ်လျှောက် ရွှေတံဆိပ်အားဆွတ်ခူးနိုင်ခဲ့သော ရေကူးအသင်း၏ ဂုဏ်သတင်းသည် မွှေးကြိုင်လို့နေ၏

"ဘောမ်ဂယူ မနေ့ကပွဲအရမ်းမိုက်ခဲ့တယ်ကွာ"

"နမ်ဒုန်ကျောင်းကလူတွေဆို မနေ့ကအီးမှန်တဲ့ ရုပ်ကြီးတွေနဲ့ကွ.."

𝚂𝚒𝚗𝚐𝚞𝚕𝚊𝚛𝚒𝚝𝚢 (𝒞ℴ𝓂𝓅𝓁ℯ𝓉ℯ𝒹 )Where stories live. Discover now