Unicode Ver
တဆစ်ဆစ်ကိုက်ခဲသော ဦးခေါင်းသည် စုံမှိတ်ထားသော မျက်ခွံများအား အတင်းအကျပ်ပွင့်စေသည့်အခါ စတင်မိတ်ဆက်သည့် နေရောင်စူးစူးက မြင်လွှာနုနုအား တစ်ဖက်သတ်တိုက်ခိုက်သည်
မှုန်ရီသည့် အမြင်အာရုံဖြင့် ပတ်ဝန်းကျင်ကို လုံးပတ်စေ့ စူးစမ်းကြည့်တော့ မရေရာသော မြင်ကွင်းက စိမ်းသက်သည့် အခန်းတစ်ခန်းထဲ ရှိနေသည်ကို အသိပေးသည်
ဖြူစွတ်သည့်နံရံထက် လေးထောင့်ဆန်ဆန် နံရံကပ်နာရီမှ မနက်ခင်း ၉ နာရီစွန်းစွန်းကို ပြနေပြီဖြစ်တာကြောင့် ခန္ဒာကိုယ်ထက် လွှမ်းခြုံထားသော စောင်ထူထူအား ခပ်မြန်မြန် လှန်လိုက်သည်
ထို့နောက် အိပ်ရာထဲမှ ထွက်ဖို့ရန် ကုတင်နံဘေးရှိ အိစက်စက် သိုးမွေးဖျာထက် ခြေထောက်ချကာ ထထိုင်လိုက်သည်နှင့် ဆစ်ခနဲ ကျဥ်တက်လာသော ဦးခေါင်းနှင့်အတူ စိုထိုင်းသော ရေပတ်
ဝတ်တစ်စက နဖူးထက်မှပြုတ်ကျလာသည်"ညီ နိုးနေပြီလား?"
အခန်းထဲသို့ ဝင်လာသည့်သူက ကိုက်ခဲသော ခေါင်းကို လက်ညိုးနှင့် ဖိနှိပ်လျက် အိပ်ရာမှ ထဖို့ကြိုးစားနေသည့်သူကို မြင်လေတော့ မျက်ခုံးတို့ကို တွန့်ချိုးပစ်သည်
"ဘယ်ကိုသွားဖို့ စဥ်းစားနေတာလဲ?"
"အ..လုပ်ကို"
စကားပြောလိုက်မှ ခြောက်သွေ့နေသော လည်ချောင်းနှင့် အနည်းငယ် နာကျင်နေသော အာသီးကို သတိထားမိသည်
"ညီ အဖျားတက်နေတယ်
ဒီနေ့တော့ အလုပ်နားလိုက်""ဟမ် ပေါက်ကရ..ကျွန်တော်..အဆင်ပြေ.."
မတ်တတ်ထလိုက်တော့ မိုက်ခနဲ အားပျက်စွာ မွေ့ရာအိအိထက်သို့ ပြန်ထိုင်ကျရသည်
ကျစ်!
ထိုသူရှေ့တွင် အားနည်းသည့်ပုံစံအား မပြချင်ပါ"ဒီနေ့ အနားယူလိုက်ပါ
ကိုယ် ညီ့အလုပ်ကို ခွင့်တိုင်ပေးပြီးပြီ""ဟင်! ဘယ်တုန်းက... ဘယ်လို?"
"မနက်က ညီ့ဖုန်းနဲ့ အွီဂျင်းဆိုတဲ့ လူဆီတိုင်လိုက်တယ်"
![](https://img.wattpad.com/cover/278689535-288-k557031.jpg)
YOU ARE READING
𝚂𝚒𝚗𝚐𝚞𝚕𝚊𝚛𝚒𝚝𝚢 (𝒞ℴ𝓂𝓅𝓁ℯ𝓉ℯ𝒹 )
Fanfiction'ချစ်ခြင်း' ဆိုတဲ့ ချို့ယွင်းချက်ကိုသာ ရှာမတွေ့ခဲ့ရင် ကိုယ့်ဘဝက ကိုယ်ဖြစ်ချင်သမျှနဲ့ဘဲ ပြည့်စုံနေခဲ့မှာ ခံစားချက်တွေပေါက်ဖွားရာက ကိုယ့် အားနည်းချက်ဖြစ်လာမယ်ဆိုတာ သိခဲ့ရင် "မင်း" ကို မပိုင်ဆိုင်ချင်ခဲ့လောက်ဘူး ညီ.... ...